တကယ်ဆိုရင်
Thursday, 7 March 2013
Wednesday, 20 February 2013
စောရအိုင်
ဘာပဲဖြစ်နေဖြစ်နေ သူ ဟာ မိန်း က လေး တ ယောက်ပါ
သူ ပျင်းနေလဲ သူ ဟာ မိန်း က လေး ပါ
သူ ရဲတင်းလွန်းနေလည်း သူ့ အတွင်းစိတ်ထဲ မှာ အားငယ် နေလိမ့်မယ် မ ကျင် လည် ဘူးတဲ့ နေရာ တခု မှာ သူ ဘာလုပ် ရမှန်း မသိဖြစ် နေလိမ့်မယ် အားကိုးစရာ ရှာမိနေလိမ့်မယ် လောလောဆယ် ကြောက် ရ မှန်းမသိ လန့်ရမှန်း မသိ ဖြစ်နေမယ် ဆိုတာ သ ဘော ထား ကြီးကြီး နဲ့ နာလည်ပေးရမယ် .. လောလောဆယ် ငြိမ်ငြိမ်လေးနေချင် တယ်
Tuesday, 19 February 2013
555
ငါလည်း ရေ သည် ယောင်္ကျား လိုဖြစ်နေပြီ ကုတင်အောက်ထဲကျသွားတဲ့ ဆယ်ပြားစေ့ ကို အမြဲတမ်းသတိရ နေတယ် ... ပြန်ထုတ်ဖို့လည်း ပျင်းတယ် မွေ့ယာတွေဖယ် ကုတင် ကိုမဖို့ စိတ်ကူးရမှာတောင် ပျင်းတယ် .. သီချင်းတွေ down ထားတာ file တွေရှိနေပီး Player ထဲ မှာ ပျောက်နေတယ် ဖုန်းကို ခဏခဏ reset ချတယ် အကြိမ်ပေါင်း မ ရေ တွက် နိုင် ဘူး အဲ့ဒီ စိတ်ဓါတ် ကို အရမ်းမုန်းတယ် သူ့ဟာသူ အဆင်ပြေ နေတာကို ဟိုကလိ ဒီကလိ လုပ်တယ် ပြီးရင် reset ပြန်လုပ် application တွေ ပြန်ပျောက် ပြန်ပြီး down password ထည့်ထားတာတွေ ပြန်ထည့် မမှတ်မိတဲ့ password တွေ ခေါင်းစား ပြန်ဖျတ် ပြန်ထည့် တ ယောက်တည်း ရှုပ်ယှက်ခပ် နေတာ ... ကုတင်အောက်က ဆယ်ပြားစေ့ လည်း ပြန်ကောက် ရမယ် အဝတ်လျှော်စက် ထဲ ပစ်ထည့်လိုက် ရင် ပြီးတဲ့ ကိစ္စ တွေလည်း အပျင်းကြီးပီး မထည့်ဘူး ... တခါတ လေ ဘာမှမသိတာ ပိုကောင်းသလို ခံစားရတယ် သိနေ လေ ကလိလေ ပဲ ကိုယ့်ဟာကိုယ်လည်း ကလိတယ် သူများဟာတွေလည်း ဆရာကြီးစတိုင် နဲ့ ကလိလိုက်သေးတယ် မလုပ်ချင် ရင် မသိချင်ယောင် လည်းဆောင်သေးတယ် ... လောလောဆယ် touch screen နဲ့ window8 လပ်တော့ပ်လေး လိုချင် နေတယ် ဟိုတ နေ့က computer ဆိုင် မှာ တွေ့ခဲ့တယ် note2 လည်း လိုချင် တယ် .. အခန်းက နဲနဲကျဉ်းပေမယ့် စိတ်ချမ်းသာတယ် ဂျပိုး မရှိဘူး ဆေးသမား မရှိဘူး အားတဲ့တရက်တော့ နည်းနည်းချောင် သွားအောင် တချို့ တဝက် လွင့်ပစ်မယ် .. အရက်ပုလင်းလေး လှလို့ မပစ်ဘဲ ပန်းအိုးလုပ်ပီး ပန်းထည့်စိုက်ထားတာ ဘယ်နားထားရမှန်းမသိလို့ အိမ် ကို ယူမလာရ သေးဘူး ... note ရေးတဲ့ application တွေလည်း အများကြီး down ထားတယ် ဘာမှလည်း မ ရေး မိဘူး ပိုက်ဆံ နဲ့ ပေးဝယ် ရတာတွေက ပိုကောင်းတယ် free ပေးထားတာတွေက သိပ်မ ကောင်းဘူး ... psy က သူ့ show မှာ သူ သီချင်း ဆိုတဲ့ သက်တမ်း ၁၂ နှစ် ရှိပြီ ဆိုတာကို ၁၅ မိနစ် အတွင်းမှာ အကြိမ်ပေါင်း မ ရေ နိုင်အောင် ပြောသွားတာ ကြည့်မရဘူး . kpop တွေ မကြိုက်ဘူး မိန်းမ တွေလည်း မကြိုက်ဘူး ယောင်္ကျားတွေလည်း ကြည့်မရဘူး ဘာတွေဆိုမှန်းနားမလည်ဘူး camera က နီးလာလိုက် ဝေးသွားလိုက် က နေတာ မျက်စိ တွေ နောက်ပြီး ခေါင်းပါမူးတယ် ..နားမလည် ပေမယ့်လည်း သီချင်းအေးအေးလေးတွေတော့ ကြိုက်ပါတယ် ... လကုန်ပြီးမှ နားတော့မယ် ပိုက်ဆံ ဘယ်ကရ မလဲ စဉ်းစားရတာလည်း တမျိုး ဘယ်သူ့ကိုမှ အားမကိုးချင် ဘူး ကိုယ့် အစွမ်းအစ နဲ့ ရတာက ပိုကောင်းတယ် .. ဖုန်း နံပါတ် လည်း ပြောင်းဦးမယ် ...
Sunday, 17 February 2013
Unknown
sms လာတယ် နှစ်ခါ သုံးခါလာတယ် ဘယ်သူမှန်း မသိဘူး နံပါတ် လည်း မှတ်မထားဘူး ဒါပေမယ့် အသိလည်းဖြစ်နိုင် တယ် ... တချို့ မှတ်ထားတဲ့ နံပါတ် တွေ ခဏခဏ ပြန်ဖျတ်တယ် အခု ဘယ်မှာနေလဲ ဘာလုပ်လဲ ဘယ်လောက် ရလဲ မေးတယ် ဘယ်သူလဲ လို့ ပြန်ရေးပို့လိုက်တော့ စိတ်ဆိုးသွားပုံရတယ် မတက်နိုင် ဘူး ... ပစ္စည်းတွေ သွားထပ်သယ်တယ် ဒီည ခေါင်းဦး နဲ့ အိပ် ရ တော့မယ် ဖေ့ဘုတ် game request တွေ ခဏခဏ လာတယ် နိုတီ တက်လာရင် သေချာပြီ ကြည့်စရာ မလိုဘူး .. အိမ် ပြန်ဖို့ ကြိုးစားမယ် ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ပါများတော့ လူလည်း မရိုးသားတော့ဘူး အဲ့ဒီလို မလုပ် ရင် လည်း လောက ကြီးကရပ်တည်ဖို့ သိပ်မလွယ်ဘူး ... ပေါင်းချင် တဲ့လူရှိရင် ပေါင်းမယ် မ ပေါင်းချင် လည်း ရတယ် တ ယောက်တည်း နေရတာ ပိုကြိုက်တယ် ... တောသီချင်းတွေ သ ဘော ကျ တယ် the girl with a unknown name ရှာတယ် ရှာမရဘူး လိုင်းမ ကောင်းတော့ ရှာရတာ အဆင် မ ပြေဘူး စိတ်လျော့လိုက်တယ် အရင် လို မရမက ရ အောင် လိုက် ရှာ တက်တဲ့ အကျင့်ပျောက်သွားတယ် မောတယ် စိတ်ပင် ပန်းမခံတော့ဘူး ရေစုန်ကို မျောသွားရတာ မ ကောင်းဘူး ထင် ရ ပေမယ့် သက်သာတယ် ...
Saturday, 16 February 2013
Ayer ( yesterday )
မဆုံချင် လည်း ပြုံးပြခဲ့တယ် ကိုယ့်ဘက်က ရိုင်းတယ် ဆိုတာမျိုး အဖြစ်မခံချင် ဘူး ... ပစ္စည်းတွေ များ လွန်းတယ် ဟိုနေရာ မှာ ကျန် ဒီ နေရာ ကျန် နဲ့ စိတ်ညစ်ဖို့ကောင်းတယ် ခေါင်းဦး နှစ် လုံး ရှိ ပေမယ့် အခု စောင် ကို ခေါင်းဦး ပြီး အိပ်နေ ရတယ် ချမ်းလို့ ပန်ကာ ဖွင့်ပြီး မအိပ် ရဘူး အဝတ်အစား အိပ် သုံးလုံး ရှိတယ် စိတ်ဖောက်တဲ့ နေ့ အားလုံး လွှင့်ပစ်မယ် တ ခါ တ လေ ဘာမှမရှိတာ ကောင်းတယ်လို့ ထင် မိ တယ် ... လောလောဆယ် အ ရင် အိမ် မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ သွား မယူနိုင်သေးဘူး သွားချင် ရင် အချိန် မ ရွေး လိုက်ပို့ပေးမယ့် သူငယ်ချင်း ရှိပေမယ့် သူ့ ကိုလည်း အားနာတယ် သူ့ ခမျာ ပိုက်ဆံ တပြား မှ မရဘဲ ကိုယ် က ဟိုပြောင်းဒီပြောင်း လုပ်နေတာကို လိုက်ကူနေရတယ် ...တခါ တ လေ ကိုယ့်ကို ခင် တယ် ထင် တဲ့ လူတွေက တစိမ်းဆန်ပြီး သိပ်မခင် မင် ဘူး ထင် တဲ့ လူတွေက အချိန် မ ရွေး အကူအညီပေးဖို့ အသင့်ရှိနေတာ အံ့သြမိတယ် ... တိတ်တိတ်လေး ခင် တယ် ချစ် တယ် ဆိုတဲ့ လူတွေ က ကြောက် စ ရာ ကောင်းတယ် ... ဖုန်း သိပ် မကိုင်ဖြစ်ဘူး လောလောဆယ် ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ချင် ဘူး နေ့စွဲတွေ အချိန်တွေလည်း မသိချင် ဘူး ... အသစ် တွေကို ကြိုက်တယ် စကား အ ဟောင်းတွေ အမြဲတမ်း ပုံမှန်လည်ပတ်နေတာတွေကို မုန်းတယ် ... ဒါပေမယ့် အသစ် ဖြစ်အောင် ဘယ်လိုကြိုးစားကြိုးစား အ ဟောင်းတွေ ဖြစ်ဖြစ်သွားတယ် ... ချည်နှောင် ဖို့ မကြိုးစားနဲ့ အခန်းကျဉ်းတွေ မကြိုက်ဘူး နေရာ အကျယ်ကြီးလည်း မလိုချင် ဘူး ... မ နေ့ က အာဖရိက က က လေးတွေ ကို တီဗွီ မှာတွေ့လိုက်တယ် တကယ် စိတ် မ ကောင်းဖြစ်မိတယ် သနားစရာ ကောင်းတယ့့်
့
Thursday, 7 February 2013
ပီနန်း
အဲ့ဒီ နေ့က တညလုံး အိပ် မ ပျော်ဘူး မနက် ၁၀ နာရီ နိုးစက် ပေး ပြီး အတင်း ကြိုးစားပြီး အိပ် ရတယ် စိတ် လော နေတယ် စဉ်းစား တာ တွေ များ တယ်
မနက် ၉ နာရီ ပြန်နိုးနေတယ် ဆက် အိပ်လို့ မရ တော့ဘူး အဲ့ဒီနေ့ က တကယ့် ပြဿဒါးနေ့ ဆိုင် မှာ သိမ်းစရာ ရှိတာတွေ သိမ်းတယ် နောက်တ ခေါက် ပြန်လာစရာ အ ကြောင်း မရှိတော့ဘူး ဒါ နောက်ဆုံးနေ့ shoe ဖိနပ်တရံ ခြေညပ်ဖိနပ်တရံ နဲ့ ခြေအိပ်တစုံ ကျန်ခဲ့တယ် အိပ်ချင် မူးတူးဖြစ်နေတာကို စိတ်က မအိပ်ချင် တာ လူက အိပ်ရေးမဝလို့ ကြောင်တောင်တောင်ဖြစ်နေပီ မျက်နှာမသစ်ဘဲ အထုပ်ဆွဲပြီး အိမ်ပြန်တယ် ဘယ်သူမှ မ တွေ့ ချင် ပါဘူး ဆိုမှ လမ်းမှာ အိမ်က ကောင် နဲ့ တန်းတိုးတယ် စောစောစီးစီး ဘယ်ကပြန်လာတာလဲတဲ့ လမ်းမှာ သူ့ကို ဇာတ်စုံ ခင်းပြရ သေးတယ်
ကျွဲရိုင်း တဗူးဝယ် သောက်တယ် အိမ် ရောက်တော့ ရေချိုးမလို့ ရေချိုးခန်း ထဲ သွားတော့ ရေချိုးခန်း မီး က ပျက်တယ် ဖုန်း ဖလက်မီး ဖွင့်ပြီး ရေ ချိုး ပြီးတော့ ခရီးထွက်ဖို့ ကျောပိုးအိပ် ကို အိပ်ထဲက နေ ထုတ်ဖို့ အိပ်ကို ဖွင့်တာ လုံးဝဖွင့်မရဘူး lock နံပါတ် ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး အမြဲတမ်း လိုလို ဖွင့်နေကြ အိပ်က ဒီနေ့ ဖွင့်မရဘူး ခေါင်းတွေတောင် မူးလာလို့ ခဏ အိပ်ယာပေါ် လှဲပြီး ခေါင်းအေးအေးထား ပြီး ပြန်စဉ်းစားရတယ်
အိပ်ပွင့်သွားတော့ ကျောပိုးအိပ်ယူပီး အကျီ ၂ ထည် ထည့်တယ် ဘောင်းဘီ က တထည်ဆိုရတယ် အိပ် အရမ်း လေးရင် လည်း မသယ်ချင် ဘူး ဖုန်း ဘထ္ထရီ အားသွင်းဖို့ charger ရယ် ကင် မ ရာ ရယ် ပြောင်းအပို တခုရယ် သွားတိုက်တံ ကင် မရာ ဘထ္ထရီ charger မျက်နှာသစ် ဆပ်ပြာ ခေါင်းလိမ်းဆီဗူးထည့်တယ် မျက်မှန်တွေ မထည့်တော့ဘူး လမ်းမှာ အသစ်ဝယ်မယ် ဆွဲကြိုးတွေ လက်ပက်တွေလည်း မဝတ်ချင် တော့ဘူး ဦးထုပ် လည်း လမ်းမှာ အသစ်ဝယ်မယ် ပိုက်ဆံ က ၃၀၀ ကျော်ပါတယ် ပက်စပို့ ယူတယ် လမ်းမှာ ပိုက်ဆံကုန် ရင် ထုတ်သုံးဖို့ ATM card ပါတယ် နားကြပ်ယူတယ် ဖိနပ် စီးကာနီး ခဏ ဘယ်ဟာစီး ရ မလဲ စဉ်းစားတယ် ဖိနပ်တွေ လျှော်ဖို့လည်း အပြင် သွားခါနီးမှ သတိရတယ် ...
Saturday, 2 February 2013
အရူး
Can't stand anymore .
Are you sure ?
No No No .
အရှုံးပေးတာ မဟုတ်ဘူး
လက်လျော့တာ မဟုတ်ဘူး
ဇွဲ မရှိတာ မဟုတ်ဘူး
တကယ်တော့ ပျင်းတာ
ပေါ့ပေါ့နေ ပေါ့ပေါ့စားတာ
စားချင်းတာစား ခေါင်းတော့ လာမစားနဲ့ ဆိုသလိုပေါ့
မ နေ့ က မြို့ထဲသွားတယ် ပိတ် ရက်ဖြစ်နေ တော့ လူအရမ်းများတယ် တက္ကစီနဲ့ ပြေးရတယ် ပြန်လာရင် နောက်ကျမှာ စီုးလို့ ဒါပေမယ့် ကား တွေ လမ်းကျပ် မ နေ တော့ အချိန်မှီပါတယ် . ဘင်္ဂလားတွေ များလိုက်တာ ဒါကာ ရောက်သွားသလို ခံစားရတယ် . ကံကောင်းချင်တော့ မြန်မြန်ရောက်သွားတယ် ကံဆိုးချင်တော့ ၃ ကျပ်ကျသွားတယ် . ကွမ်းတထုပ်ဝယ်စားတယ် မောတယ် ထမင်း မစားထားလို့ ပို ပင် ပန်းတယ် .. မနက်ဖန် ပီနန်း သွားမယ် ထင် ထားတာ တွေ ဖြစ်မလာတဲ့အခါ မထင် မှတ်ထားတွေ လုပ်ပစ်လိုက်မယ် ဓါတ်ပုံ လျှောက် ရိုက်မယ် ကမ်းခြေမှာ သွားထိုင် မယ် တောင်ပေါ် တက်မယ် . အခုကောင်းတယ် အခုမ ကောင်းဘူးပြောတဲ့ လူတွေနဲ့ ဝေးတဲ့ နေရာ နေ့တိုင်း ဆေးချ တဲ့ ကောင်တွေနဲ့ ဝေးတဲ့ နေရာ မှာ ခဏသွားနေမယ် ..