Thursday 7 February 2013

ပီနန်း


အဲ့ဒီ နေ့က တညလုံး အိပ် မ ပျော်ဘူး မနက် ၁၀ နာရီ နိုးစက် ပေး ပြီး အတင်း ကြိုးစားပြီး အိပ် ရတယ် စိတ် လော နေတယ် စဉ်းစား တာ တွေ များ တယ်  


မနက် ၉ နာရီ ပြန်နိုးနေတယ် ဆက် အိပ်လို့ မရ တော့ဘူး အဲ့ဒီနေ့ က တကယ့် ပြဿဒါးနေ့ ဆိုင် မှာ သိမ်းစရာ ရှိတာတွေ သိမ်းတယ် နောက်တ ခေါက် ပြန်လာစရာ အ ကြောင်း မရှိတော့ဘူး ဒါ နောက်ဆုံးနေ့  shoe ဖိနပ်တရံ ခြေညပ်ဖိနပ်တရံ နဲ့ ခြေအိပ်တစုံ ကျန်ခဲ့တယ်  အိပ်ချင် မူးတူးဖြစ်နေတာကို စိတ်က မအိပ်ချင် တာ လူက အိပ်ရေးမဝလို့ ကြောင်တောင်တောင်ဖြစ်နေပီ မျက်နှာမသစ်ဘဲ အထုပ်ဆွဲပြီး အိမ်ပြန်တယ် ဘယ်သူမှ မ တွေ့ ချင် ပါဘူး ဆိုမှ လမ်းမှာ အိမ်က ကောင် နဲ့ တန်းတိုးတယ် စောစောစီးစီး ဘယ်ကပြန်လာတာလဲတဲ့ လမ်းမှာ သူ့ကို ဇာတ်စုံ ခင်းပြရ သေးတယ်


ကျွဲရိုင်း တဗူးဝယ် သောက်တယ် အိမ် ရောက်တော့ ရေချိုးမလို့ ရေချိုးခန်း ထဲ သွားတော့ ရေချိုးခန်း မီး က ပျက်တယ် ဖုန်း ဖလက်မီး ဖွင့်ပြီး ရေ ချိုး ပြီးတော့ ခရီးထွက်ဖို့ ကျောပိုးအိပ် ကို အိပ်ထဲက နေ ထုတ်ဖို့ အိပ်ကို ဖွင့်တာ လုံးဝဖွင့်မရဘူး lock နံပါတ် ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး အမြဲတမ်း လိုလို ဖွင့်နေကြ အိပ်က ဒီနေ့ ဖွင့်မရဘူး ခေါင်းတွေတောင် မူးလာလို့ ခဏ အိပ်ယာပေါ် လှဲပြီး ခေါင်းအေးအေးထား ပြီး ပြန်စဉ်းစားရတယ်


အိပ်ပွင့်သွားတော့ ကျောပိုးအိပ်ယူပီး အကျီ ၂ ထည် ထည့်တယ် ဘောင်းဘီ က တထည်ဆိုရတယ် အိပ် အရမ်း လေးရင် လည်း မသယ်ချင် ဘူး ဖုန်း ဘထ္ထရီ အားသွင်းဖို့ charger ရယ် ကင် မ ရာ ရယ် ပြောင်းအပို တခုရယ် သွားတိုက်တံ ကင် မရာ ဘထ္ထရီ charger မျက်နှာသစ် ဆပ်ပြာ ခေါင်းလိမ်းဆီဗူးထည့်တယ်  မျက်မှန်တွေ မထည့်တော့ဘူး လမ်းမှာ အသစ်ဝယ်မယ် ဆွဲကြိုးတွေ လက်ပက်တွေလည်း မဝတ်ချင် တော့ဘူး ဦးထုပ် လည်း လမ်းမှာ အသစ်ဝယ်မယ် ပိုက်ဆံ က ၃၀၀ ကျော်ပါတယ် ပက်စပို့ ယူတယ် လမ်းမှာ ပိုက်ဆံကုန် ရင် ထုတ်သုံးဖို့ ATM card ပါတယ် နားကြပ်ယူတယ် ဖိနပ် စီးကာနီး ခဏ ဘယ်ဟာစီး ရ မလဲ စဉ်းစားတယ် ဖိနပ်တွေ လျှော်ဖို့လည်း အပြင် သွားခါနီးမှ သတိရတယ် ...


No comments:

Post a Comment