Wednesday 20 February 2013

စောရအိုင်

                   ဘာပဲဖြစ်နေဖြစ်နေ သူ ဟာ မိန်း က လေး တ ယောက်ပါ

သူ ပျင်းနေလဲ သူ ဟာ မိန်း က လေး ပါ

သူ ရဲတင်းလွန်းနေလည်း သူ့ အတွင်းစိတ်ထဲ မှာ အားငယ် နေလိမ့်မယ် မ ကျင် လည် ဘူးတဲ့ နေရာ တခု မှာ သူ ဘာလုပ် ရမှန်း မသိဖြစ် နေလိမ့်မယ် အားကိုးစရာ ရှာမိနေလိမ့်မယ် လောလောဆယ် ကြောက် ရ မှန်းမသိ လန့်ရမှန်း မသိ ဖြစ်နေမယ် ဆိုတာ သ ဘော ထား ကြီးကြီး နဲ့ နာလည်ပေးရမယ် .. လောလောဆယ် ငြိမ်ငြိမ်လေးနေချင် တယ်


Tuesday 19 February 2013

555

                


                  ငါလည်း ရေ သည် ယောင်္ကျား လိုဖြစ်နေပြီ ကုတင်အောက်ထဲကျသွားတဲ့ ဆယ်ပြားစေ့ ကို အမြဲတမ်းသတိရ နေတယ် ... ပြန်ထုတ်ဖို့လည်း ပျင်းတယ် မွေ့ယာတွေဖယ် ကုတင် ကိုမဖို့ စိတ်ကူးရမှာတောင် ပျင်းတယ် .. သီချင်းတွေ down ထားတာ file တွေရှိနေပီး Player ထဲ မှာ ပျောက်နေတယ် ဖုန်းကို ခဏခဏ reset ချတယ် အကြိမ်ပေါင်း မ ရေ တွက် နိုင် ဘူး အဲ့ဒီ စိတ်ဓါတ် ကို အရမ်းမုန်းတယ် သူ့ဟာသူ အဆင်ပြေ နေတာကို ဟိုကလိ ဒီကလိ လုပ်တယ် ပြီးရင် reset ပြန်လုပ် application တွေ ပြန်ပျောက် ပြန်ပြီး down password ထည့်ထားတာတွေ ပြန်ထည့် မမှတ်မိတဲ့ password တွေ ခေါင်းစား ပြန်ဖျတ် ပြန်ထည့် တ ယောက်တည်း ရှုပ်ယှက်ခပ် နေတာ ... ကုတင်အောက်က ဆယ်ပြားစေ့ လည်း ပြန်ကောက် ရမယ် အဝတ်လျှော်စက် ထဲ ပစ်ထည့်လိုက် ရင် ပြီးတဲ့ ကိစ္စ တွေလည်း အပျင်းကြီးပီး မထည့်ဘူး ... တခါတ လေ ဘာမှမသိတာ ပိုကောင်းသလို ခံစားရတယ် သိနေ လေ ကလိလေ ပဲ  ကိုယ့်ဟာကိုယ်လည်း ကလိတယ် သူများဟာတွေလည်း ဆရာကြီးစတိုင် နဲ့ ကလိလိုက်သေးတယ် မလုပ်ချင် ရင် မသိချင်ယောင် လည်းဆောင်သေးတယ် ... လောလောဆယ် touch screen နဲ့ window8 လပ်တော့ပ်လေး လိုချင် နေတယ် ဟိုတ နေ့က computer ဆိုင် မှာ တွေ့ခဲ့တယ် note2 လည်း လိုချင် တယ် .. အခန်းက နဲနဲကျဉ်းပေမယ့် စိတ်ချမ်းသာတယ် ဂျပိုး မရှိဘူး ဆေးသမား မရှိဘူး အားတဲ့တရက်တော့ နည်းနည်းချောင် သွားအောင် တချို့ တဝက် လွင့်ပစ်မယ် .. အရက်ပုလင်းလေး လှလို့ မပစ်ဘဲ ပန်းအိုးလုပ်ပီး ပန်းထည့်စိုက်ထားတာ ဘယ်နားထားရမှန်းမသိလို့ အိမ် ကို ယူမလာရ သေးဘူး ... note ရေးတဲ့ application တွေလည်း အများကြီး down ထားတယ် ဘာမှလည်း မ ရေး မိဘူး ပိုက်ဆံ နဲ့ ပေးဝယ် ရတာတွေက ပိုကောင်းတယ် free ပေးထားတာတွေက သိပ်မ ကောင်းဘူး ... psy က သူ့ show မှာ သူ သီချင်း ဆိုတဲ့ သက်တမ်း ၁၂ နှစ် ရှိပြီ ဆိုတာကို ၁၅ မိနစ် အတွင်းမှာ အကြိမ်ပေါင်း မ ရေ နိုင်အောင် ပြောသွားတာ ကြည့်မရဘူး . kpop တွေ မကြိုက်ဘူး မိန်းမ တွေလည်း မကြိုက်ဘူး ယောင်္ကျားတွေလည်း ကြည့်မရဘူး ဘာတွေဆိုမှန်းနားမလည်ဘူး camera က နီးလာလိုက် ဝေးသွားလိုက် က နေတာ မျက်စိ တွေ နောက်ပြီး ခေါင်းပါမူးတယ် ..နားမလည် ပေမယ့်လည်း သီချင်းအေးအေးလေးတွေတော့ ကြိုက်ပါတယ် ... လကုန်ပြီးမှ နားတော့မယ် ပိုက်ဆံ ဘယ်ကရ မလဲ စဉ်းစားရတာလည်း တမျိုး ဘယ်သူ့ကိုမှ အားမကိုးချင် ဘူး ကိုယ့် အစွမ်းအစ နဲ့ ရတာက ပိုကောင်းတယ် .. ဖုန်း နံပါတ် လည်း ပြောင်းဦးမယ် ...


Sunday 17 February 2013

Unknown


                   sms လာတယ် နှစ်ခါ သုံးခါလာတယ် ဘယ်သူမှန်း မသိဘူး နံပါတ် လည်း မှတ်မထားဘူး ဒါပေမယ့် အသိလည်းဖြစ်နိုင် တယ်  ... တချို့ မှတ်ထားတဲ့ နံပါတ် တွေ ခဏခဏ ပြန်ဖျတ်တယ် အခု ဘယ်မှာနေလဲ ဘာလုပ်လဲ ဘယ်လောက် ရလဲ မေးတယ်  ဘယ်သူလဲ လို့ ပြန်ရေးပို့လိုက်တော့ စိတ်ဆိုးသွားပုံရတယ် မတက်နိုင် ဘူး ... ပစ္စည်းတွေ သွားထပ်သယ်တယ် ဒီည ခေါင်းဦး နဲ့ အိပ် ရ တော့မယ် ဖေ့ဘုတ် game request တွေ ခဏခဏ လာတယ် နိုတီ တက်လာရင် သေချာပြီ ကြည့်စရာ မလိုဘူး .. အိမ် ပြန်ဖို့ ကြိုးစားမယ် ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ပါများတော့ လူလည်း မရိုးသားတော့ဘူး အဲ့ဒီလို မလုပ် ရင် လည်း လောက ကြီးကရပ်တည်ဖို့ သိပ်မလွယ်ဘူး ... ပေါင်းချင် တဲ့လူရှိရင် ပေါင်းမယ် မ ပေါင်းချင် လည်း ရတယ် တ ယောက်တည်း နေရတာ ပိုကြိုက်တယ် ... တောသီချင်းတွေ သ ဘော ကျ တယ် the girl with a unknown name ရှာတယ် ရှာမရဘူး လိုင်းမ ကောင်းတော့ ရှာရတာ အဆင် မ ပြေဘူး စိတ်လျော့လိုက်တယ် အရင် လို မရမက ရ အောင် လိုက် ရှာ တက်တဲ့ အကျင့်ပျောက်သွားတယ် မောတယ် စိတ်ပင် ပန်းမခံတော့ဘူး ရေစုန်ကို မျောသွားရတာ မ ကောင်းဘူး ထင် ရ ပေမယ့် သက်သာတယ် ...




Saturday 16 February 2013

Ayer ( yesterday )

    


             မဆုံချင် လည်း ပြုံးပြခဲ့တယ် ကိုယ့်ဘက်က ရိုင်းတယ် ဆိုတာမျိုး အဖြစ်မခံချင် ဘူး ... ပစ္စည်းတွေ များ လွန်းတယ် ဟိုနေရာ မှာ ကျန် ဒီ နေရာ ကျန် နဲ့ စိတ်ညစ်ဖို့ကောင်းတယ် ခေါင်းဦး နှစ် လုံး ရှိ ပေမယ့် အခု စောင် ကို ခေါင်းဦး ပြီး အိပ်နေ ရတယ် ချမ်းလို့ ပန်ကာ ဖွင့်ပြီး မအိပ် ရဘူး အဝတ်အစား အိပ် သုံးလုံး ရှိတယ် စိတ်ဖောက်တဲ့ နေ့ အားလုံး လွှင့်ပစ်မယ် တ ခါ တ လေ ဘာမှမရှိတာ ကောင်းတယ်လို့ ထင် မိ တယ် ... လောလောဆယ် အ ရင် အိမ် မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ သွား မယူနိုင်သေးဘူး သွားချင် ရင် အချိန် မ ရွေး လိုက်ပို့ပေးမယ့် သူငယ်ချင်း ရှိပေမယ့် သူ့ ကိုလည်း အားနာတယ် သူ့ ခမျာ ပိုက်ဆံ တပြား မှ မရဘဲ ကိုယ် က ဟိုပြောင်းဒီပြောင်း လုပ်နေတာကို လိုက်ကူနေရတယ် ...တခါ တ လေ ကိုယ့်ကို ခင် တယ် ထင် တဲ့ လူတွေက တစိမ်းဆန်ပြီး သိပ်မခင် မင် ဘူး ထင် တဲ့ လူတွေက အချိန် မ ရွေး အကူအညီပေးဖို့ အသင့်ရှိနေတာ အံ့သြမိတယ် ... တိတ်တိတ်လေး ခင် တယ် ချစ် တယ် ဆိုတဲ့ လူတွေ က ကြောက် စ ရာ ကောင်းတယ် ... ဖုန်း သိပ် မကိုင်ဖြစ်ဘူး လောလောဆယ် ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ချင် ဘူး နေ့စွဲတွေ အချိန်တွေလည်း မသိချင် ဘူး ... အသစ် တွေကို ကြိုက်တယ် စကား အ ဟောင်းတွေ အမြဲတမ်း ပုံမှန်လည်ပတ်နေတာတွေကို မုန်းတယ် ... ဒါပေမယ့် အသစ် ဖြစ်အောင် ဘယ်လိုကြိုးစားကြိုးစား အ ဟောင်းတွေ ဖြစ်ဖြစ်သွားတယ် ... ချည်နှောင် ဖို့ မကြိုးစားနဲ့  အခန်းကျဉ်းတွေ မကြိုက်ဘူး နေရာ အကျယ်ကြီးလည်း မလိုချင် ဘူး ... မ နေ့ က အာဖရိက က က လေးတွေ ကို တီဗွီ မှာတွေ့လိုက်တယ် တကယ် စိတ် မ ကောင်းဖြစ်မိတယ် သနားစရာ ကောင်းတယ့့်



Thursday 7 February 2013

ပီနန်း


အဲ့ဒီ နေ့က တညလုံး အိပ် မ ပျော်ဘူး မနက် ၁၀ နာရီ နိုးစက် ပေး ပြီး အတင်း ကြိုးစားပြီး အိပ် ရတယ် စိတ် လော နေတယ် စဉ်းစား တာ တွေ များ တယ်  


မနက် ၉ နာရီ ပြန်နိုးနေတယ် ဆက် အိပ်လို့ မရ တော့ဘူး အဲ့ဒီနေ့ က တကယ့် ပြဿဒါးနေ့ ဆိုင် မှာ သိမ်းစရာ ရှိတာတွေ သိမ်းတယ် နောက်တ ခေါက် ပြန်လာစရာ အ ကြောင်း မရှိတော့ဘူး ဒါ နောက်ဆုံးနေ့  shoe ဖိနပ်တရံ ခြေညပ်ဖိနပ်တရံ နဲ့ ခြေအိပ်တစုံ ကျန်ခဲ့တယ်  အိပ်ချင် မူးတူးဖြစ်နေတာကို စိတ်က မအိပ်ချင် တာ လူက အိပ်ရေးမဝလို့ ကြောင်တောင်တောင်ဖြစ်နေပီ မျက်နှာမသစ်ဘဲ အထုပ်ဆွဲပြီး အိမ်ပြန်တယ် ဘယ်သူမှ မ တွေ့ ချင် ပါဘူး ဆိုမှ လမ်းမှာ အိမ်က ကောင် နဲ့ တန်းတိုးတယ် စောစောစီးစီး ဘယ်ကပြန်လာတာလဲတဲ့ လမ်းမှာ သူ့ကို ဇာတ်စုံ ခင်းပြရ သေးတယ်


ကျွဲရိုင်း တဗူးဝယ် သောက်တယ် အိမ် ရောက်တော့ ရေချိုးမလို့ ရေချိုးခန်း ထဲ သွားတော့ ရေချိုးခန်း မီး က ပျက်တယ် ဖုန်း ဖလက်မီး ဖွင့်ပြီး ရေ ချိုး ပြီးတော့ ခရီးထွက်ဖို့ ကျောပိုးအိပ် ကို အိပ်ထဲက နေ ထုတ်ဖို့ အိပ်ကို ဖွင့်တာ လုံးဝဖွင့်မရဘူး lock နံပါတ် ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး အမြဲတမ်း လိုလို ဖွင့်နေကြ အိပ်က ဒီနေ့ ဖွင့်မရဘူး ခေါင်းတွေတောင် မူးလာလို့ ခဏ အိပ်ယာပေါ် လှဲပြီး ခေါင်းအေးအေးထား ပြီး ပြန်စဉ်းစားရတယ်


အိပ်ပွင့်သွားတော့ ကျောပိုးအိပ်ယူပီး အကျီ ၂ ထည် ထည့်တယ် ဘောင်းဘီ က တထည်ဆိုရတယ် အိပ် အရမ်း လေးရင် လည်း မသယ်ချင် ဘူး ဖုန်း ဘထ္ထရီ အားသွင်းဖို့ charger ရယ် ကင် မ ရာ ရယ် ပြောင်းအပို တခုရယ် သွားတိုက်တံ ကင် မရာ ဘထ္ထရီ charger မျက်နှာသစ် ဆပ်ပြာ ခေါင်းလိမ်းဆီဗူးထည့်တယ်  မျက်မှန်တွေ မထည့်တော့ဘူး လမ်းမှာ အသစ်ဝယ်မယ် ဆွဲကြိုးတွေ လက်ပက်တွေလည်း မဝတ်ချင် တော့ဘူး ဦးထုပ် လည်း လမ်းမှာ အသစ်ဝယ်မယ် ပိုက်ဆံ က ၃၀၀ ကျော်ပါတယ် ပက်စပို့ ယူတယ် လမ်းမှာ ပိုက်ဆံကုန် ရင် ထုတ်သုံးဖို့ ATM card ပါတယ် နားကြပ်ယူတယ် ဖိနပ် စီးကာနီး ခဏ ဘယ်ဟာစီး ရ မလဲ စဉ်းစားတယ် ဖိနပ်တွေ လျှော်ဖို့လည်း အပြင် သွားခါနီးမှ သတိရတယ် ...


Saturday 2 February 2013

အရူး


Can't stand anymore .

Are you sure ?

No No No .


အရှုံးပေးတာ မဟုတ်ဘူး

လက်လျော့တာ မဟုတ်ဘူး

ဇွဲ မရှိတာ မဟုတ်ဘူး


တကယ်တော့ ပျင်းတာ

ပေါ့ပေါ့နေ ပေါ့ပေါ့စားတာ

စားချင်းတာစား ခေါင်းတော့ လာမစားနဲ့ ဆိုသလိုပေါ့


မ နေ့ က မြို့ထဲသွားတယ် ပိတ် ရက်ဖြစ်နေ တော့ လူအရမ်းများတယ် တက္ကစီနဲ့ ပြေးရတယ် ပြန်လာရင် နောက်ကျမှာ စီုးလို့ ဒါပေမယ့် ကား တွေ လမ်းကျပ် မ နေ တော့ အချိန်မှီပါတယ် . ဘင်္ဂလားတွေ များလိုက်တာ ဒါကာ   ရောက်သွားသလို ခံစားရတယ် . ကံကောင်းချင်တော့ မြန်မြန်ရောက်သွားတယ် ကံဆိုးချင်တော့ ၃ ကျပ်ကျသွားတယ် . ကွမ်းတထုပ်ဝယ်စားတယ် မောတယ် ထမင်း မစားထားလို့ ပို ပင် ပန်းတယ်  .. မနက်ဖန် ပီနန်း သွားမယ် ထင် ထားတာ တွေ ဖြစ်မလာတဲ့အခါ မထင် မှတ်ထားတွေ လုပ်ပစ်လိုက်မယ် ဓါတ်ပုံ လျှောက် ရိုက်မယ် ကမ်းခြေမှာ သွားထိုင် မယ် တောင်ပေါ် တက်မယ် . အခုကောင်းတယ် အခုမ ကောင်းဘူးပြောတဲ့ လူတွေနဲ့ ဝေးတဲ့ နေရာ နေ့တိုင်း ဆေးချ တဲ့ ကောင်တွေနဲ့ ဝေးတဲ့ နေရာ မှာ ခဏသွားနေမယ် ..


Thursday 31 January 2013

အင်းလေးမှာရွာတဲ့မိုး


Watch "ကိုင်ဇာ - အင်းလေးမှာရွာတဲ့မိုး" on YouTube


ဘယ်အချိန်ချိန်သွားကြည့်ကြည့် အချိန်ပြည့် လူရှိ နေ သော ရေချိုးခန်းအိမ်သာ သည် ကျနော်တို့ နေထိုင်သော အိမ်မှ ရေချိုးခန်း အိမ်သာ ဖြစ်လေသည် ဘာတွေ ဝင် ရှူ နေကြသည် မသိ အချိန်ပြည့် လူရှိသည် ... ကျနော် သည် အိမ်သာ သို့ ရေချိုးခန်း အတွင်းသို့ အကြာကြီးဝင် လို့မရ သော ရောဂါရှိလေသည် အိမ်သာ အတွင်းသို့ ဝင် လိုက်သည်နှင့်တပြိုက်နက် အပြင် ဘက်တွင် လူ တ ယောက် ရောက်နေပြီဟု ခံစားရ လေသည် .. ကွန် လန်ကာဝီပချစ်သူ သွားလုပ်သော် ကိုယ်လည်းသွားချင် လာသည် သွားရန် ခဏခဏစဉ်းစားမိ သော်လည်း တ ခေါက်မှ မ ရောက်ဖြစ် သေး .. အဓိက အချိန် ပေးရ မည် နောက် ပိုက်ဆံ ကုန်မည် နောက်တခု ပြဿနာက ဘယ်သူနဲ့ အတူတူ သွားရမှန်မသိ .. တ ယောက်တည်း မသွားချင် ကြောင်တောင်တောင်နိုင် လှသည် ကွန့် လို တော့ တ ယောက်တည်း သောင်ပြင် မှာ တ ကောင် တည်း အ ဖော် မဲ့ နေတဲ့ ရွှေဟင်္သာ တော့ အဖြစ်မခံနိုင် ... ဆိုင် က ဟင်းချက်စရာ ထွက်ပြေးသော် ဇါတ်ခေါင်းကွဲကာ မပဋ္ဌာ မြေလူးသလို ဖြစ်ကုန်သည် နောက် တ ယောက် ရောက်လာလို့ အဆင်ပြေမယ် ကြံတုန်း နောက် တ ယောက်လည်း ဒီနေ့ပြေးလေသည် ... စိတ်ပျက်စရာကောင်းသောနေ့ရက်များကို မလိုချင်သော်လည်း ပိုင် ဆိုင် ရ ဦးမည် ..


Wednesday 30 January 2013

ချစ်သောကမ္ဘာမြေ


Watch "2012 ချစ်သောကမ္ဘာမြေ" on YouTube


ဒီနေ့  လူသိပ်မများပေမယ့် သူဌေး ရောက်လာတယ်ဆိုတော့ ဟိုအော် ဒီအော် ဟိုပြေးဒီပြေး နဲ့ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ..


mango


                 အိပ်လို့မရဘူး အ တွေး တွေယောက်ယက်ခပ်နေတယ် ဖြစ်ခြင် တာတွေနည်းနည်းလျှော့ရမယ် အလုပ်က စိတ်ဖိစီးမှုများတယ် အပြင် လျှောက်လည်ချင် တယ် အေးအေးဆေးဆေး နေရာလေး တ နေရာ မှာ ဘာမှ မစဉ်းစားဘဲ ထိုင်နေချင် တယ် ခဏ လောက်တော့ ငြိမ်းချမ်းပါရ စေ ... မရည် ရွယ် တာတွေ လည်းဖြစ်လာတက်တယ် ရည် ရွယ် ထားတာတွေလည်း ပျက်တက်တယ် လေငြိမ်နေတာ မုန်တိုင်းလာဖို့လား မုန်တိုင်းပြီးလို့ လေငြိမ်နေတာလား ... ညည အိမ်မပြန်ချင် ဘူး အိမ်နဲ့တူတဲ့ အိမ်မှာနေချင် တယ် ... အသိ တ ယောက် မြန်မာပြည် ပြန်သွားတော့ ကိုယ်လည်း ပြန်ချင် လာတယ် မြန်မာပြည် ပြန်တုန်းကလည်း မ နေနိုင် ဘူး ဒီကိုပြန်လာချင်တယ် ... အဓိက ပြဿနာက ဘာလဲ ဘာဖြစ်ချင် တာလဲ ဘာလုပ်ချင် တာလဲ ဘယ်မှာနေချင် တာလဲ ???????


Saturday 26 January 2013

လမ်းပျောက်တဲ့သား


Watch "ထူးအိမ်သင် - လမ်းပျောက်တဲ့သား" on YouTube


မ နေ့ က အ မေ များ နေ့ တဲ့ သားမသိဘူး အ မေ ... အ မေ့ ကို မေ့ နေတာမဟုတ်ဘူး သား အလုပ်တွေရှုပ် စိတ်တွေစိတ်နေတာ  အ မေ က အသက်ကြီးပြီ နှလုံးရောဂါ ရှိတယ် ဒူးတွေ မ ကောင်းလို့ လမ်းသိပ် မ လျှောက်နိုင်တော့ဘူးဆိုတာ သားသိတာပေါ့ ... နိုင် ငံ ခြားမှာ ရှစ်နှစ်ကျော် နေပြီး အလည်ပြန်လာမယ် ပြောတော့ အ မေ ဝမ်းသာနေမှာ သားသိတယ် ဘယ်တော့ပြန်လာမှာလည်းလို့ ခဏခဏ မေးတာကို နောက်လ ပြန်လာမယ် ဆိုပြီး သား ညာခဲ့တယ် တကယ်တော့ ညာတာ မဟုတ်ပါဘူး ပြန်လာဖို့ အဆင် မ ပြေ သေးတာ အ မေ နားလည်ပေးခဲ့ပါတယ် တကယ် လည်းပြန်လာပြီး အ မေ နဲ့ တွေ့ ရ တော့ အ မေ က သားထင် ထားတာထက် ပိုပြီး အိုစာသွားတယ် အ မေ့ အသက် ၇၆ နှစ် ရှိနေပြီ ဆိုတာတော့ သားတကယ်မေ့နေခဲ့တယ် ... သား အ မေ့ ကို ပုဂံ ဘုရားဖူးခေါ်သွားမယ် ပြောတော့ အ မေ က လိုက်မယ်တဲ့ ဒါပေမယ့် အ မေ့ ဒူးက မ ကောင်းတော့ စိတ်ကသွားချင်ပေမယ့် အ မေ့ ခန္တာကိုယ်က မ လိုက်နိုင်တော့ဘူး ရွှေတိဂုံဘုရား လိုက်ပို့ပေးခဲ့တယ် အ မေ မောနေပြီ ဆေးသောက် ရင်း ဘုရားတန်ဆောင်းပေါ်မှာ နားနေရတယ် အ မေ ဘာစားချင် လည်းမေးကြည့်တော့ အ မေ စားလို့ရတဲ့ အစားအစာ သိပ်များများမရှိတော့ဘူး နှလုံးရောဂါ သက်သာလာလို့ သား ဝမ်းသာပါတယ် ... ပြန်ခါနီး အ မေ့ ကို ကန်တော့ တော့ အ မေ ငိုတယ် သား နောက် နှစ်ကျရင် ပြန်လာဖြစ်အောင် ကျိုးစားမယ် အ မေ ... သား ကို စောင့်နေပါ ...



Friday 25 January 2013

raining


                မိုး တွေ ဆက်တိုက် ရွာနေတယ် အေးအေးဆေးဆေး အိမ်မှာ ကွေးနေရရင် ဘယ်လောက် ကောင်းလိုက်မလဲ ... တကယ်ဆို ဒီနေ့ နားရမှာ သူကလည်း ကြည်ကြည်ဖြူဖြူ ပေးမနားချင် ကိုယ်ကလည်း အဲ့ဒီလို မကြည်ဖြူရင် နားရမှာ စိတ်မချမ်းသာတာနဲ့ မနားလိုက် ရဘူး .. နောက်ဆုံတော့ ကိုယ်သာ ဂတိမတည်တဲ့လူ အ ကြောင်း အ မျိုးမျိုးပြပြီး ဖျတ်တက်သူ ဘဝ ရောက်သွားတယ် ...


သူဌေး လည်းမလာဘူး စိတ်ချမ်းသာတယ် သူလာရင် နားပူတယ် ... အိမ်ဖေါ်တွေ ကို စားသောက်ဆိုင် ခေါ်လာတာ သ ဘော မကျဘူး တချို့ တွေ ယုတ်မာတယ် ဘာမှ မ ကျွေး ဘဲ က လေး ထိန်းခိုင်းတယ် သူတို့ကျ စားတယ် အားလုံးတော့ မဟုတ်ပါဘူး တချို့ လည်း ကျွေးပါတယ် ကိုယ်သာ စိတ်ပူ အကုသိုလ် တွေများနေတာ လောကကြီးက သူ့ဟာသူ အဆင်ပြေ လည်ပတ်နေတာဘဲ .,


Thursday 24 January 2013

မိုး


အပြင် မှာ မိုး တွေ သည်းကြီးမည်းကြီး ရွာနေတယ်  မိုး နဲ့  လွတ်လပ် ပေါ့ပါးစွာ ထိတွေ့ ခွင့် မရ ခဲ့တာ လည်း ကြာ ခဲ့ပြီ .. ငယ်ငယ်တုန်း ကဆို မိုးရွာရင် ပျော်တယ် အရမ်းရွာ ရင် အရမ်းပျော်တယ် အကျီကို မီုးရွာ ထဲ ပြေးထွက်ပြီး မိုးရေချိုးရင်း သူငယ်ချင်းတွေ နဲ့ ကစားခဲ့ဘူးတာတွေ ပြန်သတိရမိတယ် ... အခုတော့ မှန် အလုံပိတ် ထားတဲ့ အခန်းတွေ ထဲက နေ မိုး ကို ငေးကြည့်နေခဲ့ရတာ နှစ်ပေါင်း မနည်းတော့ဘူး ... မိုးရေထဲ အတူတူ ကစားခဲ့ဘူးတဲ့ သူငယ်ချင်းတွေ ရော အခု မိုးကို ငေးကြည့်နေကြမလား ... မိုး နဲ့ ပတ်သက်တဲ့ သီချင်းတွေ နားထောင် ရင်း မှန်ပြတင်းပေါက်က နေ မိုး ကို ငေးတယ် ...


မိုး  မိုးစက်တွေရယ်  လေ နဲ့ ရောပြီး ပြေးနှင်းလို့ ရွာလေတိုင်း .......


Wednesday 23 January 2013

အိမ်မက် ထဲက အိမ်မက်


               ဒီနေ့ တော်တော်ပင် ပန်းတယ် မနက် ၁၀ နာရီ က နေ လုပ် လိုက် တာ ည ၁၂ နာရီခွဲ မှ ပြီးတယ် ချိန်းထားတာတွေလည်းပျက်တယ် တကိုယ်လုံး ကိုက်ခဲ နေ အောင် ပင် ပန်းတယ် ထမင်း စားချင် စိတ် မရှိလို့ မစားတော့ဘူး အိမ်မက် ထဲက အိမ်မက် သီချင်း ကို နားထောင် လိုက် ရင် တမျိုးကြီး ခံစားရတယ် ... မနက်ဖန် မုန့်ဖိုးရမလားမသိဘူး သူဌေး က ဈေးရောင်းကောင်းရင် သူများတွေ မသိအောင် မုန့်ဖိုးပေးတက်တယ်  လောလောဆယ်တော့မောတယ်



Tuesday 22 January 2013

Now

       


          တော်တော်လေးကို ခက်ပါတယ် စိတ်ပျက်ဖို့ကောင်းတယ် ... ကျနော် မအားဘူး အားရင် လည်း အချိန် မ ပေးနိုင် ဘူး ဝမ်းလည်း မသာဘူး စိတ်ပိုရှုပ်တယ် လို့တောင် ခံစားရတယ် ... အင်းးး  အဲ့ဒါတွေ ကြောင့် ငါ လူ တွေ နဲ့ ပိုဝေးသွားတာ ...


22

              

                              အခုတလော နေ့ခင်းဘက်        နားချိန်တွေ ကောင်းကောင်းမနားရတာ တော်တော်ကြာပြီ  ဘေးဆိုင်က ပြင်နေတာဆိုတော့ တနေကုန် နံရံကို လွန် နဲ့ ထိုးနေတယ် ကောင်းကောင်းအိပ်လို့မရဘူး ဒီကြားထဲ သူဋ္ဌေး က နှိပ်စက်လိုက်သေးတယ် အချိန်မရှိ အလုပ်သမားတွေ နားတဲ့ အချိန်ကျမှ ဖုန်းတွေခဏခဏခေါ်တယ် ... ညကျရင်လည်း တော်တော်နဲ့ မအိပ်နိုင် နေ့ခင်းဘက်လည်း အိပ်မရဆိုတော့ ကြာရင်မလွယ်ဘူး အိပ်လို့မရမယ့်အတူတူ စာတွေပြန်ဖတ်နေတယ် ... တခါတလေ ရေကန်ကြီး ဘေးမှာ သွားထိုင်နေချင်တယ် ဒီနားမှာ ရေကန်လည်း တကန်မှမရှိဘူး titiwansa လိုနေရာမျိုး အနီးနားမှာ ရှိနေရင်ကောင်းမယ် လေတ၀ူးဝူး နဲ့ သစ်ပင်အောင်က ခုန်လေးပေါ်မှာ သီချင်းနားထောင်းရင်း ဟိုငေးဒီငေး ပေါ့ .... ဒီမနက် ဆိုင်က အကို တယောက် ညက  ရဲဖမ်းခံရတယ်အိမ်မက်မက်လို့ ပြောပြရင်း စိတ်တွေတိုနေတယ် မက်စရာရှားလို့ ချဲဂဏာန်း ကျတော့ မမက်ဘူးတဲ့ အိမ်မက် ကတော့ မက်ချင်တာ မက်မှာပေါ့လေ ... မကျေနပ်ရင် တညလုံး ငုတ်တုတ်ထိုင်နေလိုက်ပြီးရော ...


Monday 21 January 2013

ထာဝရခရီးသည်



လောလောဆယ် အကြိုက်ဆုံး သီချင်းတပုဒ် ... ဖုန်းပြန်ရောင်းမယ်ဆိုပြီး reset ချလိုက်တယ် ပြီးတော့မှ သူငယ်ချင်းက ပိုက်ဆံ မ လောက် လို့ မယူဖြစ်ဘူး နောက်ဆုံးတော့ ဖုန်းထဲထည့်ထားတာတွေ အားလုံးဂွမ်းသွားတာဘဲ အဖတ်တင် တယ် အရင် တုန်းက သီချင်း အပုဒ် ၄၀၀ ကျော်ထည့်ထားတာ မရှိတော့ဘူး ပြန်လည်းမထည့်ချင် တော့ဘူး ပျင်းတယ်  အခု youtube ထဲလိုက်ကြည့်ရင်း ကြိုက်တဲ့ သီချင်းလေးတွေ ပြန်ဒေါင်းထားတာ အပုဒ် ၂၀ လောက် ရ နေ ပြီ ... အလုပ်ချိန်က လွဲပြီး နားထဲ နားကြပ်အမြဲ ထိုးထားတယ် ဘာသံမှ မကြားချင် ဘူး ဘယ်သူနဲ့မှ ဘာ အ ကြောင်းမှလည်း မ ပြော ချင် ဘူး  အိမ်ခန်းက ဟိုင်းဝေး လမ်းဘေးမှာဆိုတော့ ညဖက် ကားသံ အရမ်းဆူတယ် ဘေးအခန်းက ကောင် က အချိန် မ တော် ဖုန်းအကြာကြီးပြောတယ် ပြောပြီး အိပ်တဲ့ အခါ ဆက် ဟောက်တယ် အကုသိုလ်များတယ် ဝဋ်ကြွေး တွေ ... အင် တာ နက် လိုင်း မ ကောင်းဘူး ဖုန်းထဲမှာ free call တွေ အများကြီးရှိပေမယ့် ဘယ်သူနဲ့ မှ မ ပြောဖြစ်ဘူး ဘယ်သူမှလည်း ဖုန်း မ ခေါ်လာကြဘူး တခါ တ လေ phone book ထဲက နာမည်တွေ လျှောက်ကြည့်မိတယ် စကားပြောချင် တဲ့လူ တစ်ယောက်မှ မရှိဘူး ... မျက်နှာသစ်တဲ့ ဆပ်ပြာဗူး ဝယ်ပြီး မျက်နှာသစ်ဖို့ ကြိုးစားတာ မ အောင် မြင်သေးဘူး ဆိုင်ရောက် ရင် တော့အမြဲ ကြည့်မိတယ် ...


Watch "ထာဝရခရီးသည်" on YouTube


ကား

              ညပြန်တော့ audi အမိုးဖွင့် ကားလေး ထပ်တွေ့ တယ် ဒီနေရာ မှာ ကား အ ကောင်း စား တွေ တော်တော်ပေါတာဘဲ ... မနက်က farrari ကားလေးလည်းလှတယ် ကား လမ်း ဘေး လျှောက် ရင်း ကားလှလှလေးတွေ လိုက်ကြည့်တယ် .. မီးပွိုင့်နားမှာ toyota ကား အ ကောင်း စား ထဲ က နေ သူငယ်ချင်း တ ယောက်က လက်ပြသွားတယ် .. ဟိုတ လော က သူငယ်ချင်း တ ယောက် kia တစီး ဝယ်လာပြတယ် နောက်တော့ proton ပြောင်းသွားတယ် လစာကောင်း တော့ ဝယ်စီးနိုင်ကြတာ ဝမ်းသာဖို့ ကောင်းတယ် .. နောက်တ ယောက်က produa စီးတယ် သူ့ ကားလည်း ကောင်းတာပဲ အရင် တုန်းက အလုပ်နားရက်မှာ သူ့ ကားနဲ့ လျှောက်လည်ကြဖူးတယ် .. အရင် တုန်းက ဆိုင် ကယ် လေး ဝယ်စီးမလား စဉ်းစားသေးတယ် ဖြစ်မလာဘူး လမ်းလျှောက်ဖို့ ကံ ပါလာတယ် ထင် ပါရဲ့ ... စိတ်ကူးထဲမှာ မာစီဒီး အမိုးဖွင့် ကားလေးထဲမှာ သီချင်းလေးဖွင့်လို့ ဟိုင်းဝေး လမ်းမကြီးပေါ် လျှောက်မောင်းပစ်လိုက်တယ် ပျော်ဖို့တော့ ကောင်းသား ... လက်တွေ့ မှာတော့ ခေါင်းငိုက်စိုက်ချလို့ လမ်းမကြီးရဲ့ ဘေး မှာ လမ်းလျှောက် ရင်း အိမ်ပြန်နေတာ ...


ရွှေငါး


               ဒီ အိုးလေး ထဲမှာ ရွှေငါး နှစ်ကောင်လောက် ထည့်မွေးချင် တယ်  ဒီအနီးနား တဝိုက်မှာလည်း ငါးရောင်းတဲ့ မ တွေ့ မိဘူး  ဒီနေရာ က သိပ်မစည်ကားဘူး လိုချင် အလွယ်တကူ ရှာမရနိုင် တဲ့ နေရာ ... မနက် က အလုပ်လာရင်းနဲ့  farrari ပြိုင် ကား လေး ရပ်ထားတာ တွေ့ လိုက်မိတယ် အနီရောင် လေး အရမ်းလှတယ်  သူများတွေ ကံကောင်းတာကို အားကျမိတယ် ... ဧည့်သည် က လည်း ကွန်ပလိန်း တွေ များတယ် ... တခါတ လေ စိတ်ဓါတ် ကျ မိတယ် သူဌေး က တမျိုး ဧည့်သည်က တမျိုး စိတ်ပျက်စရာ ကောင်းတယ် ဒါတောင် အလုပ်သမား အချင်းချင်း ပြဿနာ သိပ်မရှိလို့ ခံသာတာ ... မတူညီ တဲ့ မိဘ မတူညီ တဲ့ အသိုင်းအဝိုင်းက လူတွေ ဆိုတော့ အပြစ်လေးတွေ အနည်းအများတော့ ရှိတာပေါ့ ဒါကို နားလည်ပေးနိုင်အောင် ကြိုးစားရမယ် ...


စိုင်းထီးဆိုင် သီချင်းထဲကလို  လူတစ်ယောက် ရဲ့ ကောင်းကွက်ကြီးဘဲ လိုချင် လို့ ဘယ် ရ ပါ့ မလဲ ဒွန်တွဲ နေ တဲ့ ဆိုးကွက် အနည်းငယ် တော့ ရှိမှာပေါ့ မင်းမရှိဘူး မငြင်းနဲ့ ငါ့ မှာ လည်း ရှိတယ် ..


Sunday 20 January 2013

Sunday

  


              candy crush game level 65 နိုင် သွားပြီး ဘယ်လိုမှ လုပ်လို့ မရဘူး ထင် ထားတာ  ဒီနေ့ လည်း ဆိုင် မှာ လူများတယ် ဆိုင် က ကောင် မ လေး က သိုးမွှေးသားဘက် တခု လက်ဆောင် ထိုးပေးနေတယ် ပြီးတော့မပြီးသေးဘူး အဖြူတလိုင်း အပြာတလိုင်း အရမ်းသဘောကျတယ် ...  သိုးမွှေး ထိုးတာ ကြည့်တော့ ဘာမှ မဟုတ်သလိုနဲ့ တကယ်တမ်း သိပ်မလွယ်လှဘူး  ပြီးသွားတဲ့ အခါ သူ့ ကိုလက်ဆောင် တခုပြန် ဝယ်ပေးမယ် ... HTC ဖုန်း root လုပ် ရင်းပျက်သွားတာ ဆားဗစ်စင် တာက ဘာမှမလုပ်ပေးလို့ ဝေဖန်ထားတာ တခုဖတ်လိုက် ရတယ် တကယ်ဆို root လုပ်တယ်ဆိုတာ ကုမ္ပဏီ က တရားဝင် ခွင့်ပြုထားတာမှမဟုတ်တာ ... ဒီမှာလည်း ဒီအတိုင်းဘဲ root လုပ် ရင်း ပျက်သွားရင် ဘာ အာမခံ ချက်မှမ ရှိဘူး ... HTC ရဲ့  developement က နေလည်း သေချာရှင်းပြထားတယ် မြန်မာပြည်မှာမှမဟုတ်တာ terms and conditions တွေ ရှိတယ်လေ ...


4:05 PM


၁၂ ရာသီ မိုးရွာတဲ့ မြို့ မှာ မိုးခြိမ်းသံတွေကြားနေ ရတယ်


အပျင်းပြေ ဆိုလို့ မော့ကြည့်စရာ ပန်ကာဘဲရှိတော့ ငါ့ ကင် မ ရာ လည်း ဘာမှအသုံးမဝင် ပါဘူး 


လူတိုင်းမဟုတ်တောင် လူတချို့ မှာ အဲ့ဒီလို ပြဿနာရှိတယ် ဆိုရင် ငါနည်းနည်း ခံစားရ သက်သာမယ် ထင် တယ် 


အခုတော့ အားလုံး အိပ်နေကြတယ် တိုးတိုးပြောပါ နိုးသွားလိမ့်မယ်


Saturday 19 January 2013

20


မ နေ့ က ဆိုင် ကို သူဌေးမ လာတယ် သူလာတဲ့နေ့ဆို တ ယောက်မှ ငြိမ်ငြိမ်မ နေ ရ ဘူး .. သူ ပြာယာခပ် နေ တာနဲ့ ကျန်တဲ့လူတွေ ပါ ပြာယာခပ်ကုန်ပီး လက်ကို အိုးအပူ နဲ့ ကပ်မိတယ် .. ဒီနေ့ မနက်ပိုင်း နားတယ်  ဗိုက်ဆာလို့ ဆိုင် ကို အ စောကြီးသွား ပြီး ထမင်းစားတယ် ရေခဲသေတ္တာ ထဲ က ဟင်းတွေ နွှေးရမှာ ပျင်းတာနဲ့ ဒီအတိုင်း စားလိုက်တယ် ... ညဘက် အိပ်ခါနီး မီးဖွင့်တာ အရမ်းမုန်းတယ် ... တ ယောက်တည်း နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ ..


၁၉

 


                 ဒီနေ့ ပင် ပန်းတယ် စိတ်မပါဘဲ ပြုံးပြ နေရတာ ပိုပင် ပန်းတယ် ထမင်း စားချင် စိတ်လည်းမရှိဘူး ဒီတလ အတွင်းမှာတင် ငါးကီလို လောက်ကျသွားတယ် ... အိမ်ပြန် ရင်း ညဖက် ဗိုက်ဆာမှာ စိုးလို့ KK မှာအ အေး ဗူး ဝင် ဝယ် တယ် 100+ တဗူး နဲ့ Yogurt နှစ်ဗူးဝယ်တယ်  အိမ်ပြန်တဲ့ လမ်းပေါ်မှာ ကုက္ကိုပင်တွေ ရှိတယ် အရင်နေ့တွေ က လေမတိုက်တော့ အရွက်မ ကြွေဘူး ဒီနေ့တော့ လေ တအားတိုက်လိုက်တာ ကုက္ကိုရွက် တွေ အများကြီး ကြွေကျတယ် လမ်းဘေး ဓါတ်တိုင် က မီးရောင် ရယ် လေတိုက်တာရယ် ကုက္ကိုရွက်အ ကြွေတွေ လေထဲမှာ လွင့်နေတာ အရမ်းကြည့်ကောင်းတယ် ... လူမရှိတဲ့ လမ်းကို ရွေးပြီးသွားတယ် တိရိစ္ဆာန်တွေ နဲ့ စကားနည်းနည်းပြောကြည့်ချင် တယ် သေချာတာတော့ သူတို့ ရိုးသားကြလိမ့်မယ် ...