Tuesday, 22 January 2013
22
အခုတလော နေ့ခင်းဘက် နားချိန်တွေ ကောင်းကောင်းမနားရတာ တော်တော်ကြာပြီ ဘေးဆိုင်က ပြင်နေတာဆိုတော့ တနေကုန် နံရံကို လွန် နဲ့ ထိုးနေတယ် ကောင်းကောင်းအိပ်လို့မရဘူး ဒီကြားထဲ သူဋ္ဌေး က နှိပ်စက်လိုက်သေးတယ် အချိန်မရှိ အလုပ်သမားတွေ နားတဲ့ အချိန်ကျမှ ဖုန်းတွေခဏခဏခေါ်တယ် ... ညကျရင်လည်း တော်တော်နဲ့ မအိပ်နိုင် နေ့ခင်းဘက်လည်း အိပ်မရဆိုတော့ ကြာရင်မလွယ်ဘူး အိပ်လို့မရမယ့်အတူတူ စာတွေပြန်ဖတ်နေတယ် ... တခါတလေ ရေကန်ကြီး ဘေးမှာ သွားထိုင်နေချင်တယ် ဒီနားမှာ ရေကန်လည်း တကန်မှမရှိဘူး titiwansa လိုနေရာမျိုး အနီးနားမှာ ရှိနေရင်ကောင်းမယ် လေတ၀ူးဝူး နဲ့ သစ်ပင်အောင်က ခုန်လေးပေါ်မှာ သီချင်းနားထောင်းရင်း ဟိုငေးဒီငေး ပေါ့ .... ဒီမနက် ဆိုင်က အကို တယောက် ညက ရဲဖမ်းခံရတယ်အိမ်မက်မက်လို့ ပြောပြရင်း စိတ်တွေတိုနေတယ် မက်စရာရှားလို့ ချဲဂဏာန်း ကျတော့ မမက်ဘူးတဲ့ အိမ်မက် ကတော့ မက်ချင်တာ မက်မှာပေါ့လေ ... မကျေနပ်ရင် တညလုံး ငုတ်တုတ်ထိုင်နေလိုက်ပြီးရော ...
Monday, 21 January 2013
ကား
ညပြန်တော့ audi အမိုးဖွင့် ကားလေး ထပ်တွေ့ တယ် ဒီနေရာ မှာ ကား အ ကောင်း စား တွေ တော်တော်ပေါတာဘဲ ... မနက်က farrari ကားလေးလည်းလှတယ် ကား လမ်း ဘေး လျှောက် ရင်း ကားလှလှလေးတွေ လိုက်ကြည့်တယ် .. မီးပွိုင့်နားမှာ toyota ကား အ ကောင်း စား ထဲ က နေ သူငယ်ချင်း တ ယောက်က လက်ပြသွားတယ် .. ဟိုတ လော က သူငယ်ချင်း တ ယောက် kia တစီး ဝယ်လာပြတယ် နောက်တော့ proton ပြောင်းသွားတယ် လစာကောင်း တော့ ဝယ်စီးနိုင်ကြတာ ဝမ်းသာဖို့ ကောင်းတယ် .. နောက်တ ယောက်က produa စီးတယ် သူ့ ကားလည်း ကောင်းတာပဲ အရင် တုန်းက အလုပ်နားရက်မှာ သူ့ ကားနဲ့ လျှောက်လည်ကြဖူးတယ် .. အရင် တုန်းက ဆိုင် ကယ် လေး ဝယ်စီးမလား စဉ်းစားသေးတယ် ဖြစ်မလာဘူး လမ်းလျှောက်ဖို့ ကံ ပါလာတယ် ထင် ပါရဲ့ ... စိတ်ကူးထဲမှာ မာစီဒီး အမိုးဖွင့် ကားလေးထဲမှာ သီချင်းလေးဖွင့်လို့ ဟိုင်းဝေး လမ်းမကြီးပေါ် လျှောက်မောင်းပစ်လိုက်တယ် ပျော်ဖို့တော့ ကောင်းသား ... လက်တွေ့ မှာတော့ ခေါင်းငိုက်စိုက်ချလို့ လမ်းမကြီးရဲ့ ဘေး မှာ လမ်းလျှောက် ရင်း အိမ်ပြန်နေတာ ...
ရွှေငါး
ဒီ အိုးလေး ထဲမှာ ရွှေငါး နှစ်ကောင်လောက် ထည့်မွေးချင် တယ် ဒီအနီးနား တဝိုက်မှာလည်း ငါးရောင်းတဲ့ မ တွေ့ မိဘူး ဒီနေရာ က သိပ်မစည်ကားဘူး လိုချင် အလွယ်တကူ ရှာမရနိုင် တဲ့ နေရာ ... မနက် က အလုပ်လာရင်းနဲ့ farrari ပြိုင် ကား လေး ရပ်ထားတာ တွေ့ လိုက်မိတယ် အနီရောင် လေး အရမ်းလှတယ် သူများတွေ ကံကောင်းတာကို အားကျမိတယ် ... ဧည့်သည် က လည်း ကွန်ပလိန်း တွေ များတယ် ... တခါတ လေ စိတ်ဓါတ် ကျ မိတယ် သူဌေး က တမျိုး ဧည့်သည်က တမျိုး စိတ်ပျက်စရာ ကောင်းတယ် ဒါတောင် အလုပ်သမား အချင်းချင်း ပြဿနာ သိပ်မရှိလို့ ခံသာတာ ... မတူညီ တဲ့ မိဘ မတူညီ တဲ့ အသိုင်းအဝိုင်းက လူတွေ ဆိုတော့ အပြစ်လေးတွေ အနည်းအများတော့ ရှိတာပေါ့ ဒါကို နားလည်ပေးနိုင်အောင် ကြိုးစားရမယ် ...
စိုင်းထီးဆိုင် သီချင်းထဲကလို လူတစ်ယောက် ရဲ့ ကောင်းကွက်ကြီးဘဲ လိုချင် လို့ ဘယ် ရ ပါ့ မလဲ ဒွန်တွဲ နေ တဲ့ ဆိုးကွက် အနည်းငယ် တော့ ရှိမှာပေါ့ မင်းမရှိဘူး မငြင်းနဲ့ ငါ့ မှာ လည်း ရှိတယ် ..
Sunday, 20 January 2013
Sunday
candy crush game level 65 နိုင် သွားပြီး ဘယ်လိုမှ လုပ်လို့ မရဘူး ထင် ထားတာ ဒီနေ့ လည်း ဆိုင် မှာ လူများတယ် ဆိုင် က ကောင် မ လေး က သိုးမွှေးသားဘက် တခု လက်ဆောင် ထိုးပေးနေတယ် ပြီးတော့မပြီးသေးဘူး အဖြူတလိုင်း အပြာတလိုင်း အရမ်းသဘောကျတယ် ... သိုးမွှေး ထိုးတာ ကြည့်တော့ ဘာမှ မဟုတ်သလိုနဲ့ တကယ်တမ်း သိပ်မလွယ်လှဘူး ပြီးသွားတဲ့ အခါ သူ့ ကိုလက်ဆောင် တခုပြန် ဝယ်ပေးမယ် ... HTC ဖုန်း root လုပ် ရင်းပျက်သွားတာ ဆားဗစ်စင် တာက ဘာမှမလုပ်ပေးလို့ ဝေဖန်ထားတာ တခုဖတ်လိုက် ရတယ် တကယ်ဆို root လုပ်တယ်ဆိုတာ ကုမ္ပဏီ က တရားဝင် ခွင့်ပြုထားတာမှမဟုတ်တာ ... ဒီမှာလည်း ဒီအတိုင်းဘဲ root လုပ် ရင်း ပျက်သွားရင် ဘာ အာမခံ ချက်မှမ ရှိဘူး ... HTC ရဲ့ developement က နေလည်း သေချာရှင်းပြထားတယ် မြန်မာပြည်မှာမှမဟုတ်တာ terms and conditions တွေ ရှိတယ်လေ ...
4:05 PM
၁၂ ရာသီ မိုးရွာတဲ့ မြို့ မှာ မိုးခြိမ်းသံတွေကြားနေ ရတယ်
အပျင်းပြေ ဆိုလို့ မော့ကြည့်စရာ ပန်ကာဘဲရှိတော့ ငါ့ ကင် မ ရာ လည်း ဘာမှအသုံးမဝင် ပါဘူး
လူတိုင်းမဟုတ်တောင် လူတချို့ မှာ အဲ့ဒီလို ပြဿနာရှိတယ် ဆိုရင် ငါနည်းနည်း ခံစားရ သက်သာမယ် ထင် တယ်
အခုတော့ အားလုံး အိပ်နေကြတယ် တိုးတိုးပြောပါ နိုးသွားလိမ့်မယ်
Saturday, 19 January 2013
20
မ နေ့ က ဆိုင် ကို သူဌေးမ လာတယ် သူလာတဲ့နေ့ဆို တ ယောက်မှ ငြိမ်ငြိမ်မ နေ ရ ဘူး .. သူ ပြာယာခပ် နေ တာနဲ့ ကျန်တဲ့လူတွေ ပါ ပြာယာခပ်ကုန်ပီး လက်ကို အိုးအပူ နဲ့ ကပ်မိတယ် .. ဒီနေ့ မနက်ပိုင်း နားတယ် ဗိုက်ဆာလို့ ဆိုင် ကို အ စောကြီးသွား ပြီး ထမင်းစားတယ် ရေခဲသေတ္တာ ထဲ က ဟင်းတွေ နွှေးရမှာ ပျင်းတာနဲ့ ဒီအတိုင်း စားလိုက်တယ် ... ညဘက် အိပ်ခါနီး မီးဖွင့်တာ အရမ်းမုန်းတယ် ... တ ယောက်တည်း နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ ..
၁၉
ဒီနေ့ ပင် ပန်းတယ် စိတ်မပါဘဲ ပြုံးပြ နေရတာ ပိုပင် ပန်းတယ် ထမင်း စားချင် စိတ်လည်းမရှိဘူး ဒီတလ အတွင်းမှာတင် ငါးကီလို လောက်ကျသွားတယ် ... အိမ်ပြန် ရင်း ညဖက် ဗိုက်ဆာမှာ စိုးလို့ KK မှာအ အေး ဗူး ဝင် ဝယ် တယ် 100+ တဗူး နဲ့ Yogurt နှစ်ဗူးဝယ်တယ် အိမ်ပြန်တဲ့ လမ်းပေါ်မှာ ကုက္ကိုပင်တွေ ရှိတယ် အရင်နေ့တွေ က လေမတိုက်တော့ အရွက်မ ကြွေဘူး ဒီနေ့တော့ လေ တအားတိုက်လိုက်တာ ကုက္ကိုရွက် တွေ အများကြီး ကြွေကျတယ် လမ်းဘေး ဓါတ်တိုင် က မီးရောင် ရယ် လေတိုက်တာရယ် ကုက္ကိုရွက်အ ကြွေတွေ လေထဲမှာ လွင့်နေတာ အရမ်းကြည့်ကောင်းတယ် ... လူမရှိတဲ့ လမ်းကို ရွေးပြီးသွားတယ် တိရိစ္ဆာန်တွေ နဲ့ စကားနည်းနည်းပြောကြည့်ချင် တယ် သေချာတာတော့ သူတို့ ရိုးသားကြလိမ့်မယ် ...
ပျင်းတယ် .
ဒီနေ့ ဧည့်သည် မရှိဘူး ခါတိုင်းလည်း အများကြီး မရှိပါဘူး သက်သာသလိုလို ရှိပေမယ့် စိတ်မချမ်းသာဘူး သူဌေးမ ရဲ့ why why ?? ဆိုတာကို ဖြေဖို့ အ ဖြေ မရှိဘူး ... facebook ကြည့်တယ် like တယ် share တယ် လိုင်းမ ကောင်းတော့ သုံးရတာ မ ကောင်းဘူး ... ပျင်းတာနဲ့ ဖုန်းထဲမှာ blackmark ထည့်ပြီး blogger app ဒေါင်းတယ် ပြီး တော့ အပျင်းပြေ စာရေးတယ် .. သူဌေးမ ဖုန်းခေါ်နေပီ .
Tuesday, 18 December 2012
စိတ်ကူး
မနက် စောစော နှိုးစက် က အသံထ မြည်တော့ ကမန်းကတန်း ပိတ်ပစ် ရတယ် ကိုယ့် နှိုးစက်သံ ကြောင့် တခြားလူတွေ စိတ် အ နှောက် အယှက် ဖြစ်မှာ စိုးတယ် ... တကယ်တော့ နှိုးစက် မမြည်ခင် အချိန်ကတည်းက လူက နိုးနေပီ အိပ်ယာ ထရမှာ ပျင်းပေမယ့် ကုန်းရုန်းထရတယ် ... အလုပ် ကို အချိန်မှီသွားဖို့ ရေချိုးရတယ် ကိုယ်ကအရင် ချိုးမှ မဟုတ် ရင် သူများရေချိုးခန်းထဲ အရင် ဝင် သွားရင် အလုပ်က နောက်ကျ လိမ့်မယ် ညည အိပ် ရတာ အဆင် မ ပြေဘူး တဖတ်ခန်းက လူတွေက နောက်ကျမှ အလုပ်က နေအိမ်ပြန်တယ် ပြန်လာရင် စကားတွေ ပြောကြတယ် ရေချိုးကြတယ် မဆူညံဘူး ဆိုတောင် အသံတွေကြားရတယ် လောလောဆယ် နေစရာ တခြား နေရာ လည်း မရှိသေးဘူး ... အခန်းခ တွေ ဈေးကြီးတယ် တခြားနေရာ သွားနေရင် တော့ ပို အဆင်ပြေတယ် ဒါပေမယ့် အလုပ်သွား အလုပ်ပြန်အချိန်ယူရမယ် ... ဆိုင် ကယ် စီးရမယ် လိုင် စင် အတု လုပ် ရမယ် လိုင် စင် အစစ် က ရဲ လိုက်လို့ ပြေးရင်း ပျောက် သွားတယ် ကြာပြီ ဆိုတော့ ပြန် လျှောက် လို့ မရ တော့ဘူး ... ဆိုင် ကယ် စီးရ မှာ ကြောက်နေတယ် ကားလမ်း မ ပေါ် မထွက် ရဲဘူး စီးတော့ စီးတက်တယ် ခွေးတွေတောင် ကားမောင်းသေးတာဘဲ နောက်တော့ အဆင်ပြေသွားမှာပါ ...
Sunday, 25 November 2012
Mon't Kiara ...

Friday, 23 November 2012
start
အခု လောလောဆယ်နေတဲ့ အခန်းက မီးလုံးတွေက ဖွင့်လိုက်တိုင်း တဖောက်ဖောက် နဲ့ မြည်ပြီး ကျွမ်းကုန်လို့ မီးတခါတခါ ဖွင့်ဖို့ နည်းနည်းကြောက်လာတယ် .... အရင်တုန်းက ဆို မိုးပေါ်မော့မော့ ကြည့်လိုက်ရတာအမော အခုတော့ သိပ်မကြည့်မိတော့ဘူး နည်းနည်း စိတ်ပြေလက်ပျောက်ဖြစ်တာလည်းပါတယ် .... တကယ်ဆို ဒီနေ့ အလုပ်စဆင်းရမှာ ဒါပေမယ့် လူက ပျင်းနေတယ် အလုပ်ကို သွားဖို့ အားမရှိဘူး ဒါပေမယ့် မနက်ဖြန်တော့ ဆင်းရမယ် ညည အင်တာနက်ကြည့် မနက် မိုးလင်းလို့ alarm မြည်တာတောင် မသိလိုက်ဘူး .... မလေးရှားမှာ ညနေ စောင်းတာနဲ့ မိုးရွာတာ တော်တော်ကြာနေပြီ ....
လုပ်စရာ ကိစ္စတွေ အများကြီးရှိနေတယ် ဘယ်ကစလုပ်ရမှန်းတောင် မသိတော့ဘူး အခုတလော သိပ်မစဉ်းစားတော့ဘူး စဉ်းစားနေရင် ဆံပင်ဖြူတယ် အိပ်ရေးပျက်တယ် လူတိုင်း သူ့အကြောင်းနဲ့ သူရှိကြတာဘဲ ငါတယောက်တည်းမှ မဟုတ်တာ .... ကြယ်လေး ကိုဖုန်းဆက်တယ် စကားတွေပြောဖြစ်ပေမယ့် အရင်တုန်းကလိုတော့ နွေးထွေးမှု သိပ်မရှိတော့ဘူးလို့ ခံစားရတယ် .... အဆင်ပြေနေတယ် ဆိုလို့ ၀မ်းသာတယ် ဖြစ်နိုင်ရင် တခေါက်လောက်တော့ ပြန်တွေ့ချင်သေးတယ် .... လူကြုံရှိရင် လက်ဆောင်တွေ ၀ယ်ထည့်ပေးမယ် အရင်လို မဟုတ်တော့ရင်လည်း ကိုယ်က စချစ်ခဲ့ဘူးတယ် ကိုယ့်ကိုလည်း ပြန်ချစ်ခဲ့ဘူးတာပဲ .... အခုချိန်ကစပြီး တည်တည်ငြိမ်ငြိမ်နဲ့ နေတော့မယ် လုပ်စရာတွေ အများကြီး ကျန်သေးတယ် ....
မနက်ဖြန် ဘယ်လို အခြေအနေတွေ နဲ့ ရင်ဆိုင်ရမလဲမသိဘူး .... အဆင်ပြေပါစေ ။

