Tuesday 19 February 2013

555

                


                  ငါလည်း ရေ သည် ယောင်္ကျား လိုဖြစ်နေပြီ ကုတင်အောက်ထဲကျသွားတဲ့ ဆယ်ပြားစေ့ ကို အမြဲတမ်းသတိရ နေတယ် ... ပြန်ထုတ်ဖို့လည်း ပျင်းတယ် မွေ့ယာတွေဖယ် ကုတင် ကိုမဖို့ စိတ်ကူးရမှာတောင် ပျင်းတယ် .. သီချင်းတွေ down ထားတာ file တွေရှိနေပီး Player ထဲ မှာ ပျောက်နေတယ် ဖုန်းကို ခဏခဏ reset ချတယ် အကြိမ်ပေါင်း မ ရေ တွက် နိုင် ဘူး အဲ့ဒီ စိတ်ဓါတ် ကို အရမ်းမုန်းတယ် သူ့ဟာသူ အဆင်ပြေ နေတာကို ဟိုကလိ ဒီကလိ လုပ်တယ် ပြီးရင် reset ပြန်လုပ် application တွေ ပြန်ပျောက် ပြန်ပြီး down password ထည့်ထားတာတွေ ပြန်ထည့် မမှတ်မိတဲ့ password တွေ ခေါင်းစား ပြန်ဖျတ် ပြန်ထည့် တ ယောက်တည်း ရှုပ်ယှက်ခပ် နေတာ ... ကုတင်အောက်က ဆယ်ပြားစေ့ လည်း ပြန်ကောက် ရမယ် အဝတ်လျှော်စက် ထဲ ပစ်ထည့်လိုက် ရင် ပြီးတဲ့ ကိစ္စ တွေလည်း အပျင်းကြီးပီး မထည့်ဘူး ... တခါတ လေ ဘာမှမသိတာ ပိုကောင်းသလို ခံစားရတယ် သိနေ လေ ကလိလေ ပဲ  ကိုယ့်ဟာကိုယ်လည်း ကလိတယ် သူများဟာတွေလည်း ဆရာကြီးစတိုင် နဲ့ ကလိလိုက်သေးတယ် မလုပ်ချင် ရင် မသိချင်ယောင် လည်းဆောင်သေးတယ် ... လောလောဆယ် touch screen နဲ့ window8 လပ်တော့ပ်လေး လိုချင် နေတယ် ဟိုတ နေ့က computer ဆိုင် မှာ တွေ့ခဲ့တယ် note2 လည်း လိုချင် တယ် .. အခန်းက နဲနဲကျဉ်းပေမယ့် စိတ်ချမ်းသာတယ် ဂျပိုး မရှိဘူး ဆေးသမား မရှိဘူး အားတဲ့တရက်တော့ နည်းနည်းချောင် သွားအောင် တချို့ တဝက် လွင့်ပစ်မယ် .. အရက်ပုလင်းလေး လှလို့ မပစ်ဘဲ ပန်းအိုးလုပ်ပီး ပန်းထည့်စိုက်ထားတာ ဘယ်နားထားရမှန်းမသိလို့ အိမ် ကို ယူမလာရ သေးဘူး ... note ရေးတဲ့ application တွေလည်း အများကြီး down ထားတယ် ဘာမှလည်း မ ရေး မိဘူး ပိုက်ဆံ နဲ့ ပေးဝယ် ရတာတွေက ပိုကောင်းတယ် free ပေးထားတာတွေက သိပ်မ ကောင်းဘူး ... psy က သူ့ show မှာ သူ သီချင်း ဆိုတဲ့ သက်တမ်း ၁၂ နှစ် ရှိပြီ ဆိုတာကို ၁၅ မိနစ် အတွင်းမှာ အကြိမ်ပေါင်း မ ရေ နိုင်အောင် ပြောသွားတာ ကြည့်မရဘူး . kpop တွေ မကြိုက်ဘူး မိန်းမ တွေလည်း မကြိုက်ဘူး ယောင်္ကျားတွေလည်း ကြည့်မရဘူး ဘာတွေဆိုမှန်းနားမလည်ဘူး camera က နီးလာလိုက် ဝေးသွားလိုက် က နေတာ မျက်စိ တွေ နောက်ပြီး ခေါင်းပါမူးတယ် ..နားမလည် ပေမယ့်လည်း သီချင်းအေးအေးလေးတွေတော့ ကြိုက်ပါတယ် ... လကုန်ပြီးမှ နားတော့မယ် ပိုက်ဆံ ဘယ်ကရ မလဲ စဉ်းစားရတာလည်း တမျိုး ဘယ်သူ့ကိုမှ အားမကိုးချင် ဘူး ကိုယ့် အစွမ်းအစ နဲ့ ရတာက ပိုကောင်းတယ် .. ဖုန်း နံပါတ် လည်း ပြောင်းဦးမယ် ...


1 comment: