Tuesday 18 December 2012

စိတ်ကူး

                


                မနက်  စောစော နှိုးစက် က အသံထ မြည်တော့ ကမန်းကတန်း ပိတ်ပစ် ရတယ် ကိုယ့် နှိုးစက်သံ ကြောင့် တခြားလူတွေ စိတ် အ နှောက် အယှက် ဖြစ်မှာ စိုးတယ် ... တကယ်တော့ နှိုးစက် မမြည်ခင် အချိန်ကတည်းက လူက နိုးနေပီ အိပ်ယာ ထရမှာ ပျင်းပေမယ့် ကုန်းရုန်းထရတယ် ... အလုပ် ကို အချိန်မှီသွားဖို့ ရေချိုးရတယ် ကိုယ်ကအရင် ချိုးမှ မဟုတ် ရင် သူများရေချိုးခန်းထဲ အရင် ဝင် သွားရင် အလုပ်က နောက်ကျ လိမ့်မယ် ညည အိပ် ရတာ အဆင် မ ပြေဘူး တဖတ်ခန်းက လူတွေက  နောက်ကျမှ အလုပ်က နေအိမ်ပြန်တယ် ပြန်လာရင် စကားတွေ ပြောကြတယ် ရေချိုးကြတယ်  မဆူညံဘူး ဆိုတောင် အသံတွေကြားရတယ်  လောလောဆယ် နေစရာ တခြား နေရာ လည်း မရှိသေးဘူး  ... အခန်းခ တွေ ဈေးကြီးတယ် တခြားနေရာ သွားနေရင် တော့  ပို အဆင်ပြေတယ် ဒါပေမယ့် အလုပ်သွား အလုပ်ပြန်အချိန်ယူရမယ် ... ဆိုင် ကယ် စီးရမယ် လိုင် စင် အတု လုပ် ရမယ် လိုင် စင် အစစ် က ရဲ လိုက်လို့ ပြေးရင်း ပျောက် သွားတယ်  ကြာပြီ ဆိုတော့ ပြန် လျှောက် လို့ မရ တော့ဘူး ... ဆိုင် ကယ် စီးရ မှာ ကြောက်နေတယ် ကားလမ်း မ ပေါ် မထွက် ရဲဘူး စီးတော့ စီးတက်တယ် ခွေးတွေတောင် ကားမောင်းသေးတာဘဲ နောက်တော့ အဆင်ပြေသွားမှာပါ ...



Sunday 25 November 2012

Mon't Kiara ...



အိမ် မရ သေးဘူး လောလောဆယ် ဆိုင် မှာ နေတယ် ကိုယ့် အပြစ်နဲ့ ကိုယ့်ဆိုတော့ လည်း ငြိမ်နေရတယ် အိမ် ရှင် နဲ့ ချိန်းထားတဲ့ နေ့က အပျင်းကြီး ပြီး မအားဘူး လို့ ပြောလိုက်လို့ တင်းသွားတယ် ထင် ပါ့ ချက်ချင်းကြီး သူများ ငှါးသွားတယ်တဲ့

ကိစ္စ မရှိပါဘူး ပြေးနေတဲ့ အရာတွေ နောက် သိပ်မလိုက် ချင်တော့ဘူး အေးရာ အေးကြောင်းဘဲ  အလုပ်က အဆင်ပြေတယ် ပြေ အောင် လည်းနေ နေတယ် လိုချင် တာတွေ ရှိနေ သေးတယ် အမှားအယွင်း မခံနိုင်သေးဘူး ဆိုင် က ကောင် မ လေး က ဗေဒင် ဖတ်ပြတယ် ဝါသနာ မပါပေမယ့် ဖတ်ပြ တော့ နားထောင်ပေးရတယ် တခုမှ အ ကောင်းမပါဘူး စိတ်ပျက်ဖို့ ကောင်းလိုက်တာ ...

သူငယ်ချင်းက သူ့ဆိုင် အတွက် အလုပ်သမား ရှာခိုင်းနေတယ် သတိရတိုင်း ရပြီလားလို့ ဖုန်းဆက်မေးတယ် ကိုယ်လည်း ဘယ်နားသွားရှာရမှန်း မသိဘူး ... သူလည်း သူ့ အပူ နဲ့ သူ ဆိုတော့ ရှာနေပါတယ် ဆိုပြီး ခဏခဏပြန် ပြောနေရတယ် တကယ်လည်း ရှာနေတာ တွေ့ မှ မ တွေ့ တာ မတက်နိုင် ဘူး ...

မနက်ဖြန် ဆိုင် ပိတ်တယ် ဘယ်သွားရမှန်း မသိဘူး  ဘယ်မှ သွားလို့ရမယ်လည်း မထင် ဘူး  ပိတ် ရက် ကတ နေကုန် မဟုတ်တော့ ဘယ်မှမသွားချင် ဘူး ... ယူအက်စ် ကို ဖုန်းဆက် ရဦးမယ် ပြောစရာ တွေရှိတယ်  အခု တ ခေါက် ဘယ် က နေ ဘယ်လိုစ ပြောရမှန်း မသိသေးဘူး  ...

အ ကောင်း ဆုံးဖြစ်အောင် လုပ် ရမယ် အချိန်ဆွဲ လို့ မဖြစ်ဘူး တခါတ လေ စဉ်းစားမိရင် တော်တော် စိတ်မောစရာ ကောင်းတယ် မ နေ့ည က အိပ်မ ပျော်ဘူး အိပ်ယာ ပြောင်းရင် အိပ် ရ ခက်တယ် ...

Friday 23 November 2012

start




အခု လောလောဆယ်နေတဲ့ အခန်းက မီးလုံးတွေက ဖွင့်လိုက်တိုင်း တဖောက်ဖောက် နဲ့ မြည်ပြီး ကျွမ်းကုန်လို့ မီးတခါတခါ ဖွင့်ဖို့ နည်းနည်းကြောက်လာတယ် .... အရင်တုန်းက ဆို မိုးပေါ်မော့မော့ ကြည့်လိုက်ရတာအမော အခုတော့ သိပ်မကြည့်မိတော့ဘူး နည်းနည်း စိတ်ပြေလက်ပျောက်ဖြစ်တာလည်းပါတယ် .... တကယ်ဆို ဒီနေ့ အလုပ်စဆင်းရမှာ ဒါပေမယ့် လူက ပျင်းနေတယ် အလုပ်ကို သွားဖို့ အားမရှိဘူး ဒါပေမယ့် မနက်ဖြန်တော့ ဆင်းရမယ် ညည အင်တာနက်ကြည့် မနက် မိုးလင်းလို့ alarm မြည်တာတောင် မသိလိုက်ဘူး .... မလေးရှားမှာ ညနေ စောင်းတာနဲ့ မိုးရွာတာ တော်တော်ကြာနေပြီ ....

လုပ်စရာ ကိစ္စတွေ အများကြီးရှိနေတယ် ဘယ်ကစလုပ်ရမှန်းတောင် မသိတော့ဘူး အခုတလော သိပ်မစဉ်းစားတော့ဘူး စဉ်းစားနေရင် ဆံပင်ဖြူတယ် အိပ်ရေးပျက်တယ် လူတိုင်း သူ့အကြောင်းနဲ့ သူရှိကြတာဘဲ ငါတယောက်တည်းမှ မဟုတ်တာ .... ကြယ်လေး ကိုဖုန်းဆက်တယ် စကားတွေပြောဖြစ်ပေမယ့် အရင်တုန်းကလိုတော့ နွေးထွေးမှု သိပ်မရှိတော့ဘူးလို့ ခံစားရတယ် .... အဆင်ပြေနေတယ် ဆိုလို့ ၀မ်းသာတယ် ဖြစ်နိုင်ရင် တခေါက်လောက်တော့  ပြန်တွေ့ချင်သေးတယ် .... လူကြုံရှိရင် လက်ဆောင်တွေ ၀ယ်ထည့်ပေးမယ် အရင်လို မဟုတ်တော့ရင်လည်း ကိုယ်က စချစ်ခဲ့ဘူးတယ် ကိုယ့်ကိုလည်း ပြန်ချစ်ခဲ့ဘူးတာပဲ .... အခုချိန်ကစပြီး တည်တည်ငြိမ်ငြိမ်နဲ့ နေတော့မယ် လုပ်စရာတွေ အများကြီး ကျန်သေးတယ်  ....

မနက်ဖြန် ဘယ်လို အခြေအနေတွေ နဲ့ ရင်ဆိုင်ရမလဲမသိဘူး .... အဆင်ပြေပါစေ ။



Friday 16 November 2012

if


             
                      လမ်းခွဲကြပါစို့လို့ မနှင်းဆီ  ပြောခဲ့စဉ် အခါက ရုတ်တရတ် မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရလို့  အံ့သြမိ ယုံကလွဲလို့ ထူးထူးခြားခြား ဘာမှမခံစားမိပါဘူး ...။  တကယ်ဆို ဒီကိစ္စ မျိုးက အသဲကွဲရမှာပေါ့  မချစ်လို့လား ဆိုတော့ လည်း မဟုတ်ပြန်ဘူး   အချစ်တွေများလို့ ဘယ်လို ခွဲတမ်းချပြီး ချစ်ရမှန်း မသိတော့တဲ့ အချစ်ခံ ချင်တဲ့ လူတယောက်ပါ ... ။  ကြားလေသွေးလို့ ဝေးမှာကို မစိုးရိမ်ခဲ့ပေမယ့်  ကြားစကားကြောင့် အထင်လွဲ ခံရတာကိုတော့ စိတ်မကောင်းဖြစ်မိတယ် ...။ 

                    တကယ်ပဲ စိတ်ထဲ အသည်းထဲကနေ နာကျည်း သွားတာလား  အကြောင်းအမျိုးမျိုး ကြောင့် မဆုံနိုင်ခဲ့ပေမယ့်  ဆက်လက်ခင်မင် ခွင့်မျိုးကိုတောင်   မပေးစွမ်းနိုင် လောက်အောင် နာကျည်းသွားခဲ့တာလား ... ။ မထင်မှတ်ဘဲ အမှတ်တမဲ့ ပြန်ဆုံတုန်း  မနှင်းဆီ  ဘယ်သွားမလို့လဲလို့ ဝမ်းသာအားရ မေးခဲ့ စဉ်က  သူငယ်ချင်းတယောက် စင်ကာပူ သွားဖို့ လိုက်လုပ်ပေးတာ ဆိုတဲ့ စကားလေး ပြန်ပြောယုံကလွဲလို့ ထပ်ပြီး လှည့်တောင် မကြည့်တော့လို့ အရမ်း ကို ဝမ်းနည်းသွားမိတယ် ... ။  တကယ်ဆို  မှားခဲ့တာလဲ ကျနော်  သစ္စာ မရှိတာလည်း ကျနော် ဖြစ်ခဲ့ပေမယ့်   ဒီလောက်ထိ မုန်းသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး  ....။
  
                       အခု  မနှင်းဆီ  အိမ်ထောင်ကျသွားပြီး ကလေး တယောက် ရနေပြီ ဆိုတာကို သိလိုက်ရတော့ အရမ်းဝမ်းသာ သွားမိတယ် .... ။ မနှင်းဆီ  ရွေးချယ်ခဲ့တဲ့ လမ်း မှန်ခဲ့တယ်  တကယ်ဆို ကံတရား က  မနှင်းဆီ ကို မျက်နှာသာပေးပြီး တမင်ခွဲ ပစ်ခဲ့တာ        အခု အချိန်ထိ တည်တည်တန့်တန့် မရှိသေးတဲ့ လူတယောက် ကို မရွေးချယ်ခဲ့ တာ အရမ်းကံကောင်းတယ်နော် ....။  တကယ်ဆို ပြန်ဆုံချင်ပါသေးတယ် ဒါပေမယ့်  တကယ်တမ်းတော့ မတွေ့ဖြစ်ခဲ့ဘူး  သတိရ ခဲ့ရင်တောင် တိတ်တိတ်လေး နေပါ့မယ်  ကျနော် က မှားခဲ့တာလေ  ခွင့်လွှတ်ပါလို့ မတောင်းဆိုရဲဘူး  အဆင်ပြေပါစေလို့တော့  ဆုတောင်းပေးခဲ့ပါတယ် ....။


Thursday 15 November 2012

ဝမ်းနည်းမှတ်တမ်း

         


            ကားဂိတ်ရောက်အောင် အနည်းငယ် လမ်းလျှောက်ရဦးမည်  ထုံစံ အတိုင်း ခေါင်းကို ငုံ့ကာ လျှောက်နေမိ၏ ....  ဘယ်သူ့ ကို မှ မနှုတ်ဆက်လိုသောကြောင့် ဖြစ်သည် စကားတွေ ရှည်ရှည်ဝေးဝေး လည်း မပြောချင် ဘယ်နေရာ မှာ ဘယ်လို သိကျွမ်းဘူး သည်ကို လည်း မစဉ်းစားတက်သောကြောင့်ဖြစ်သည် .... မိုး အကုန် ဆောင်းကူးသော ကာလဖြစ်သောကြောင့်  မိုးလည်း မရွာတော့ အေးလည်း မအေးပဲ နေ့လည်ခင်း နေသည် ပူလောင်လွန်း၏ ....။

             တကယ်ဆို ဘယ်နေရာ သွားလာချင်စိတ်မရှိသော်လည်း မဖြစ်မနေ အပြင်ထွက်ရမည့် ကိစ္စအနည်းငယ် ရှိနေသေးသည် .... အိမ်ထဲတွင် တနေကုန် နေသော်လည်း ပူသည် ... မီးလာသည့် အချိန်တွင် အဲယားကွန်း မရှိသော်လည်း ပန်ကာ  ဖြင့် နေနိုင်သေးသည် .... သို့သော်လည်း မီးက ၂၄ မလာနိုင်သေးသော နိုင်ငံအတွင်း ခဏတာ အပန်းဖြေ အနားယူလျက်ရှိ၏ .... ခန္ဒာကိုယ် တခုလုံး ပေါ်သို့ အပူဓါတ်ရှိနေသော အလွှာပါး တခုခု ဖြင့် ဖုံးအုပ်ထား သကဲ့သို့ ခံစားမိလေသည် ....။

              ကားဂိတ်ရောက်သော အခါ မိမိသွားလိုနေရာသို့ ပို့ဆောင်ပေးမည့် ကားကို စောင့်ရသည်  အထူးကား သည် ဘာတွေထူးသည်မသိ  အထူး ဟု ရေးသားထားလေသည်  .... ကားပေါ် တိုးကာဝှေ့ကာ တက်ရ၏  ကားတံခါး အားလုံး ဖွင့်ထားသော်လည်း လူများသောကြောင့် ပူသည်  အဲယား ကွန်း မရှိသည် မှာ နှစ်ပေါင်း အတော်ကြာခဲ့လေပီ .... ပူသည် ပူသည် ဟုသာ စိတ်ထဲတွင် အကြိမ်ကြိမ် မြည်တမ်းမိလေသည် .... ချွေးသီး ချွေးပေါက်များ ပိုးပိုးပေါက်ပေါက် ကျလာကာ အကျီတထည်လုံး ရွှဲရွှဲ စိုကုန်သည် .... ။

               ပုဆိုးဖြင့် သွားလာ လှုပ်ရှားရသည် ကို နှစ်သက်သောကြောင့် ဘောင်းဘီရှည် ကို အတက်နိုင်ဆုံး မ၀တ်ဖြစ်အောင်နေမိသည် ....  ပုဆိုး ဖြင့် သွားလာရခြင်းသည် မိမိ အတွက် ပြဿနာ အနည်းငယ်တော့ ရှိသည် .... ပုဆိုးကို ခိုင်အောင်မ၀တ်တက်သောကြောင့် တိုးဝှေ့နေသည့် လူများ အကြားတွင် ကျွတ်ထွက်မသွားရန် လက်တဖက်ဖြင့် ဆုပ်ကိုင်ထားရသေးသည် ကျန်သည့် လက်တဖတ်တွင် ဖုန်းနှင့် ပိုက်ဆံအိပ်အား ကိုင်ထားရသေးသည် .... ပိုက်ဆံအိပ်သည် ခါးကြားတွင် ထိုးသော် ခဏခဏ ပြုတ်ပြုတ်ကျသည် .... ။

               တိုးဝှေ့နေသည့် လူများကို အကြောင်းမဲ့ လျှောက်ငေးနေစဉ် တနေရာ အရောက်တွင် လူတယောက်သည် မိမိအား လှမ်းကြည့်ကာ ပြုံးပြနေသည် .... စိတ်ထဲတွင် မကြည်မလင်ဖြစ်နေသော်လည်း ဘာမှန်းမသိ သေသေချာချာ စိတ်လိုလက်ရပြန်လည် ပြုံးပြမိသည် .... ဘယ်နေရာမှာ သိရှိခဲ့သော သူလည်း သေသေချာချာမသိ လူမှား ပြီး ပြုံးပြနေခြင်းလား မသိ စိတ်ထဲတွင် ဘယ်လိုမှ ပုံဖော်၍မရနိုင်ခဲ့ပါ .... မိမိ ဆင်းရမည့်နေရာတွင် ဆင်းခါနီးအထိ မျက်လုံးချင်း ဆုံတိုင်း ပြုံပြခဲ့သည် ....။

                 လမ်းတလျှောက် ထိုလူအား အမျိုးမျိုး ပုံဖော်ကာ ဦးနှောက် ကို အစွမ်းကုန် အလုပ်ပေးကာ စဉ်းစားလာခဲ့ပြီး နောက်ဆုံးတွင် အဖြေတခု ထွက်ပေါ်လာခဲ့ပါသည် ....။

မိမိ ငယ်စဉ်ဘ၀က ပေါင်းသင်းလာခဲ့သော သူငယ်ချင်းများထဲက သူငယ်ချင်းတယောက် ....
ပြန်လည် ရှာဖွေကာ တွေ့ဆုံပြီး ငယ်စဉ်က အကြောင်းတွေ တ၀ကြီး ပြောမည် စဉ်းစားထားခဲ့သည့် သူတယောက် ....
သူဘာကြောင့် စကားစပြောကာ မခေါ်ခဲ့သလဲ မိမိ ကရော ဘာကြောင့် စကားစမပြောမိသလဲ စဉ်းစားနေစဉ် သူငယ်ချင်းအား ဆက်လက်တင်ဆောင်သွားသော အထူး ကားကြီးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည် ....။

Wednesday 14 November 2012

ချစ်ဦးပုံပြင်


တခါတလေတော့လည်း သီချင်းစာသားလေးတွေက ခံစားချက် နဲ့ တိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် အရမ်းကောင်းလွန်းတယ်  တေးရေးတွေ တော်တာလား ၀ိုင်းစု အသံလေး က ကောင်းတာလား မသိဘူး နားထောင်ရတာတော့ တကယ် အရသာရှိတယ် ..... တချိန်ချိန် မှာ အကြောင်းတခုခုကြောင့် လူတိုင်း သတိရတက်ကြမှာပါ ....

ချစ်ဦးပုံပြင်
ဝိုင်းစုခိုင်သိန်း