Friday 16 November 2012

if


             
                      လမ်းခွဲကြပါစို့လို့ မနှင်းဆီ  ပြောခဲ့စဉ် အခါက ရုတ်တရတ် မမျှော်လင့်ထားတဲ့ စကားကို ကြားလိုက်ရလို့  အံ့သြမိ ယုံကလွဲလို့ ထူးထူးခြားခြား ဘာမှမခံစားမိပါဘူး ...။  တကယ်ဆို ဒီကိစ္စ မျိုးက အသဲကွဲရမှာပေါ့  မချစ်လို့လား ဆိုတော့ လည်း မဟုတ်ပြန်ဘူး   အချစ်တွေများလို့ ဘယ်လို ခွဲတမ်းချပြီး ချစ်ရမှန်း မသိတော့တဲ့ အချစ်ခံ ချင်တဲ့ လူတယောက်ပါ ... ။  ကြားလေသွေးလို့ ဝေးမှာကို မစိုးရိမ်ခဲ့ပေမယ့်  ကြားစကားကြောင့် အထင်လွဲ ခံရတာကိုတော့ စိတ်မကောင်းဖြစ်မိတယ် ...။ 

                    တကယ်ပဲ စိတ်ထဲ အသည်းထဲကနေ နာကျည်း သွားတာလား  အကြောင်းအမျိုးမျိုး ကြောင့် မဆုံနိုင်ခဲ့ပေမယ့်  ဆက်လက်ခင်မင် ခွင့်မျိုးကိုတောင်   မပေးစွမ်းနိုင် လောက်အောင် နာကျည်းသွားခဲ့တာလား ... ။ မထင်မှတ်ဘဲ အမှတ်တမဲ့ ပြန်ဆုံတုန်း  မနှင်းဆီ  ဘယ်သွားမလို့လဲလို့ ဝမ်းသာအားရ မေးခဲ့ စဉ်က  သူငယ်ချင်းတယောက် စင်ကာပူ သွားဖို့ လိုက်လုပ်ပေးတာ ဆိုတဲ့ စကားလေး ပြန်ပြောယုံကလွဲလို့ ထပ်ပြီး လှည့်တောင် မကြည့်တော့လို့ အရမ်း ကို ဝမ်းနည်းသွားမိတယ် ... ။  တကယ်ဆို  မှားခဲ့တာလဲ ကျနော်  သစ္စာ မရှိတာလည်း ကျနော် ဖြစ်ခဲ့ပေမယ့်   ဒီလောက်ထိ မုန်းသွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး  ....။
  
                       အခု  မနှင်းဆီ  အိမ်ထောင်ကျသွားပြီး ကလေး တယောက် ရနေပြီ ဆိုတာကို သိလိုက်ရတော့ အရမ်းဝမ်းသာ သွားမိတယ် .... ။ မနှင်းဆီ  ရွေးချယ်ခဲ့တဲ့ လမ်း မှန်ခဲ့တယ်  တကယ်ဆို ကံတရား က  မနှင်းဆီ ကို မျက်နှာသာပေးပြီး တမင်ခွဲ ပစ်ခဲ့တာ        အခု အချိန်ထိ တည်တည်တန့်တန့် မရှိသေးတဲ့ လူတယောက် ကို မရွေးချယ်ခဲ့ တာ အရမ်းကံကောင်းတယ်နော် ....။  တကယ်ဆို ပြန်ဆုံချင်ပါသေးတယ် ဒါပေမယ့်  တကယ်တမ်းတော့ မတွေ့ဖြစ်ခဲ့ဘူး  သတိရ ခဲ့ရင်တောင် တိတ်တိတ်လေး နေပါ့မယ်  ကျနော် က မှားခဲ့တာလေ  ခွင့်လွှတ်ပါလို့ မတောင်းဆိုရဲဘူး  အဆင်ပြေပါစေလို့တော့  ဆုတောင်းပေးခဲ့ပါတယ် ....။


1 comment:

  1. ပြောလို့တော့မရဘူး....၊မိန်းမမရသေးလို့ လေနှင်ရာလွင့်နေနိုင်တာလေ...။
    မနှင်းဆီနဲ့သာ ရပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကြီးပွားတိုးတက်သွားတာမျိုးလည်း
    ဖြစ်သွားနိုင်တာပဲ...၊ဒါဆို လက်ရှိဘဝထက် မနှင်းဆီ ပိုအဆင်ပြေနေနိုင်တယ်
    လေ...၊ပြီး သူ ခုချိန်မှာ ပျော်ချင်မှပျော်နေမှာရယ်....။

    ReplyDelete