Friday 23 November 2012

start




အခု လောလောဆယ်နေတဲ့ အခန်းက မီးလုံးတွေက ဖွင့်လိုက်တိုင်း တဖောက်ဖောက် နဲ့ မြည်ပြီး ကျွမ်းကုန်လို့ မီးတခါတခါ ဖွင့်ဖို့ နည်းနည်းကြောက်လာတယ် .... အရင်တုန်းက ဆို မိုးပေါ်မော့မော့ ကြည့်လိုက်ရတာအမော အခုတော့ သိပ်မကြည့်မိတော့ဘူး နည်းနည်း စိတ်ပြေလက်ပျောက်ဖြစ်တာလည်းပါတယ် .... တကယ်ဆို ဒီနေ့ အလုပ်စဆင်းရမှာ ဒါပေမယ့် လူက ပျင်းနေတယ် အလုပ်ကို သွားဖို့ အားမရှိဘူး ဒါပေမယ့် မနက်ဖြန်တော့ ဆင်းရမယ် ညည အင်တာနက်ကြည့် မနက် မိုးလင်းလို့ alarm မြည်တာတောင် မသိလိုက်ဘူး .... မလေးရှားမှာ ညနေ စောင်းတာနဲ့ မိုးရွာတာ တော်တော်ကြာနေပြီ ....

လုပ်စရာ ကိစ္စတွေ အများကြီးရှိနေတယ် ဘယ်ကစလုပ်ရမှန်းတောင် မသိတော့ဘူး အခုတလော သိပ်မစဉ်းစားတော့ဘူး စဉ်းစားနေရင် ဆံပင်ဖြူတယ် အိပ်ရေးပျက်တယ် လူတိုင်း သူ့အကြောင်းနဲ့ သူရှိကြတာဘဲ ငါတယောက်တည်းမှ မဟုတ်တာ .... ကြယ်လေး ကိုဖုန်းဆက်တယ် စကားတွေပြောဖြစ်ပေမယ့် အရင်တုန်းကလိုတော့ နွေးထွေးမှု သိပ်မရှိတော့ဘူးလို့ ခံစားရတယ် .... အဆင်ပြေနေတယ် ဆိုလို့ ၀မ်းသာတယ် ဖြစ်နိုင်ရင် တခေါက်လောက်တော့  ပြန်တွေ့ချင်သေးတယ် .... လူကြုံရှိရင် လက်ဆောင်တွေ ၀ယ်ထည့်ပေးမယ် အရင်လို မဟုတ်တော့ရင်လည်း ကိုယ်က စချစ်ခဲ့ဘူးတယ် ကိုယ့်ကိုလည်း ပြန်ချစ်ခဲ့ဘူးတာပဲ .... အခုချိန်ကစပြီး တည်တည်ငြိမ်ငြိမ်နဲ့ နေတော့မယ် လုပ်စရာတွေ အများကြီး ကျန်သေးတယ်  ....

မနက်ဖြန် ဘယ်လို အခြေအနေတွေ နဲ့ ရင်ဆိုင်ရမလဲမသိဘူး .... အဆင်ပြေပါစေ ။



No comments:

Post a Comment