Monday 21 January 2013

ကား

              ညပြန်တော့ audi အမိုးဖွင့် ကားလေး ထပ်တွေ့ တယ် ဒီနေရာ မှာ ကား အ ကောင်း စား တွေ တော်တော်ပေါတာဘဲ ... မနက်က farrari ကားလေးလည်းလှတယ် ကား လမ်း ဘေး လျှောက် ရင်း ကားလှလှလေးတွေ လိုက်ကြည့်တယ် .. မီးပွိုင့်နားမှာ toyota ကား အ ကောင်း စား ထဲ က နေ သူငယ်ချင်း တ ယောက်က လက်ပြသွားတယ် .. ဟိုတ လော က သူငယ်ချင်း တ ယောက် kia တစီး ဝယ်လာပြတယ် နောက်တော့ proton ပြောင်းသွားတယ် လစာကောင်း တော့ ဝယ်စီးနိုင်ကြတာ ဝမ်းသာဖို့ ကောင်းတယ် .. နောက်တ ယောက်က produa စီးတယ် သူ့ ကားလည်း ကောင်းတာပဲ အရင် တုန်းက အလုပ်နားရက်မှာ သူ့ ကားနဲ့ လျှောက်လည်ကြဖူးတယ် .. အရင် တုန်းက ဆိုင် ကယ် လေး ဝယ်စီးမလား စဉ်းစားသေးတယ် ဖြစ်မလာဘူး လမ်းလျှောက်ဖို့ ကံ ပါလာတယ် ထင် ပါရဲ့ ... စိတ်ကူးထဲမှာ မာစီဒီး အမိုးဖွင့် ကားလေးထဲမှာ သီချင်းလေးဖွင့်လို့ ဟိုင်းဝေး လမ်းမကြီးပေါ် လျှောက်မောင်းပစ်လိုက်တယ် ပျော်ဖို့တော့ ကောင်းသား ... လက်တွေ့ မှာတော့ ခေါင်းငိုက်စိုက်ချလို့ လမ်းမကြီးရဲ့ ဘေး မှာ လမ်းလျှောက် ရင်း အိမ်ပြန်နေတာ ...


No comments:

Post a Comment