Tuesday, 22 January 2013
22
အခုတလော နေ့ခင်းဘက် နားချိန်တွေ ကောင်းကောင်းမနားရတာ တော်တော်ကြာပြီ ဘေးဆိုင်က ပြင်နေတာဆိုတော့ တနေကုန် နံရံကို လွန် နဲ့ ထိုးနေတယ် ကောင်းကောင်းအိပ်လို့မရဘူး ဒီကြားထဲ သူဋ္ဌေး က နှိပ်စက်လိုက်သေးတယ် အချိန်မရှိ အလုပ်သမားတွေ နားတဲ့ အချိန်ကျမှ ဖုန်းတွေခဏခဏခေါ်တယ် ... ညကျရင်လည်း တော်တော်နဲ့ မအိပ်နိုင် နေ့ခင်းဘက်လည်း အိပ်မရဆိုတော့ ကြာရင်မလွယ်ဘူး အိပ်လို့မရမယ့်အတူတူ စာတွေပြန်ဖတ်နေတယ် ... တခါတလေ ရေကန်ကြီး ဘေးမှာ သွားထိုင်နေချင်တယ် ဒီနားမှာ ရေကန်လည်း တကန်မှမရှိဘူး titiwansa လိုနေရာမျိုး အနီးနားမှာ ရှိနေရင်ကောင်းမယ် လေတ၀ူးဝူး နဲ့ သစ်ပင်အောင်က ခုန်လေးပေါ်မှာ သီချင်းနားထောင်းရင်း ဟိုငေးဒီငေး ပေါ့ .... ဒီမနက် ဆိုင်က အကို တယောက် ညက ရဲဖမ်းခံရတယ်အိမ်မက်မက်လို့ ပြောပြရင်း စိတ်တွေတိုနေတယ် မက်စရာရှားလို့ ချဲဂဏာန်း ကျတော့ မမက်ဘူးတဲ့ အိမ်မက် ကတော့ မက်ချင်တာ မက်မှာပေါ့လေ ... မကျေနပ်ရင် တညလုံး ငုတ်တုတ်ထိုင်နေလိုက်ပြီးရော ...
Labels:
ဟိုရေးဒီရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment