Monday 21 January 2013

ထာဝရခရီးသည်



လောလောဆယ် အကြိုက်ဆုံး သီချင်းတပုဒ် ... ဖုန်းပြန်ရောင်းမယ်ဆိုပြီး reset ချလိုက်တယ် ပြီးတော့မှ သူငယ်ချင်းက ပိုက်ဆံ မ လောက် လို့ မယူဖြစ်ဘူး နောက်ဆုံးတော့ ဖုန်းထဲထည့်ထားတာတွေ အားလုံးဂွမ်းသွားတာဘဲ အဖတ်တင် တယ် အရင် တုန်းက သီချင်း အပုဒ် ၄၀၀ ကျော်ထည့်ထားတာ မရှိတော့ဘူး ပြန်လည်းမထည့်ချင် တော့ဘူး ပျင်းတယ်  အခု youtube ထဲလိုက်ကြည့်ရင်း ကြိုက်တဲ့ သီချင်းလေးတွေ ပြန်ဒေါင်းထားတာ အပုဒ် ၂၀ လောက် ရ နေ ပြီ ... အလုပ်ချိန်က လွဲပြီး နားထဲ နားကြပ်အမြဲ ထိုးထားတယ် ဘာသံမှ မကြားချင် ဘူး ဘယ်သူနဲ့မှ ဘာ အ ကြောင်းမှလည်း မ ပြော ချင် ဘူး  အိမ်ခန်းက ဟိုင်းဝေး လမ်းဘေးမှာဆိုတော့ ညဖက် ကားသံ အရမ်းဆူတယ် ဘေးအခန်းက ကောင် က အချိန် မ တော် ဖုန်းအကြာကြီးပြောတယ် ပြောပြီး အိပ်တဲ့ အခါ ဆက် ဟောက်တယ် အကုသိုလ်များတယ် ဝဋ်ကြွေး တွေ ... အင် တာ နက် လိုင်း မ ကောင်းဘူး ဖုန်းထဲမှာ free call တွေ အများကြီးရှိပေမယ့် ဘယ်သူနဲ့ မှ မ ပြောဖြစ်ဘူး ဘယ်သူမှလည်း ဖုန်း မ ခေါ်လာကြဘူး တခါ တ လေ phone book ထဲက နာမည်တွေ လျှောက်ကြည့်မိတယ် စကားပြောချင် တဲ့လူ တစ်ယောက်မှ မရှိဘူး ... မျက်နှာသစ်တဲ့ ဆပ်ပြာဗူး ဝယ်ပြီး မျက်နှာသစ်ဖို့ ကြိုးစားတာ မ အောင် မြင်သေးဘူး ဆိုင်ရောက် ရင် တော့အမြဲ ကြည့်မိတယ် ...


Watch "ထာဝရခရီးသည်" on YouTube


No comments:

Post a Comment