Saturday, 26 January 2013

လမ်းပျောက်တဲ့သား


Watch "ထူးအိမ်သင် - လမ်းပျောက်တဲ့သား" on YouTube


မ နေ့ က အ မေ များ နေ့ တဲ့ သားမသိဘူး အ မေ ... အ မေ့ ကို မေ့ နေတာမဟုတ်ဘူး သား အလုပ်တွေရှုပ် စိတ်တွေစိတ်နေတာ  အ မေ က အသက်ကြီးပြီ နှလုံးရောဂါ ရှိတယ် ဒူးတွေ မ ကောင်းလို့ လမ်းသိပ် မ လျှောက်နိုင်တော့ဘူးဆိုတာ သားသိတာပေါ့ ... နိုင် ငံ ခြားမှာ ရှစ်နှစ်ကျော် နေပြီး အလည်ပြန်လာမယ် ပြောတော့ အ မေ ဝမ်းသာနေမှာ သားသိတယ် ဘယ်တော့ပြန်လာမှာလည်းလို့ ခဏခဏ မေးတာကို နောက်လ ပြန်လာမယ် ဆိုပြီး သား ညာခဲ့တယ် တကယ်တော့ ညာတာ မဟုတ်ပါဘူး ပြန်လာဖို့ အဆင် မ ပြေ သေးတာ အ မေ နားလည်ပေးခဲ့ပါတယ် တကယ် လည်းပြန်လာပြီး အ မေ နဲ့ တွေ့ ရ တော့ အ မေ က သားထင် ထားတာထက် ပိုပြီး အိုစာသွားတယ် အ မေ့ အသက် ၇၆ နှစ် ရှိနေပြီ ဆိုတာတော့ သားတကယ်မေ့နေခဲ့တယ် ... သား အ မေ့ ကို ပုဂံ ဘုရားဖူးခေါ်သွားမယ် ပြောတော့ အ မေ က လိုက်မယ်တဲ့ ဒါပေမယ့် အ မေ့ ဒူးက မ ကောင်းတော့ စိတ်ကသွားချင်ပေမယ့် အ မေ့ ခန္တာကိုယ်က မ လိုက်နိုင်တော့ဘူး ရွှေတိဂုံဘုရား လိုက်ပို့ပေးခဲ့တယ် အ မေ မောနေပြီ ဆေးသောက် ရင်း ဘုရားတန်ဆောင်းပေါ်မှာ နားနေရတယ် အ မေ ဘာစားချင် လည်းမေးကြည့်တော့ အ မေ စားလို့ရတဲ့ အစားအစာ သိပ်များများမရှိတော့ဘူး နှလုံးရောဂါ သက်သာလာလို့ သား ဝမ်းသာပါတယ် ... ပြန်ခါနီး အ မေ့ ကို ကန်တော့ တော့ အ မေ ငိုတယ် သား နောက် နှစ်ကျရင် ပြန်လာဖြစ်အောင် ကျိုးစားမယ် အ မေ ... သား ကို စောင့်နေပါ ...



No comments:

Post a Comment