Thursday 24 January 2013

မိုး


အပြင် မှာ မိုး တွေ သည်းကြီးမည်းကြီး ရွာနေတယ်  မိုး နဲ့  လွတ်လပ် ပေါ့ပါးစွာ ထိတွေ့ ခွင့် မရ ခဲ့တာ လည်း ကြာ ခဲ့ပြီ .. ငယ်ငယ်တုန်း ကဆို မိုးရွာရင် ပျော်တယ် အရမ်းရွာ ရင် အရမ်းပျော်တယ် အကျီကို မီုးရွာ ထဲ ပြေးထွက်ပြီး မိုးရေချိုးရင်း သူငယ်ချင်းတွေ နဲ့ ကစားခဲ့ဘူးတာတွေ ပြန်သတိရမိတယ် ... အခုတော့ မှန် အလုံပိတ် ထားတဲ့ အခန်းတွေ ထဲက နေ မိုး ကို ငေးကြည့်နေခဲ့ရတာ နှစ်ပေါင်း မနည်းတော့ဘူး ... မိုးရေထဲ အတူတူ ကစားခဲ့ဘူးတဲ့ သူငယ်ချင်းတွေ ရော အခု မိုးကို ငေးကြည့်နေကြမလား ... မိုး နဲ့ ပတ်သက်တဲ့ သီချင်းတွေ နားထောင် ရင်း မှန်ပြတင်းပေါက်က နေ မိုး ကို ငေးတယ် ...


မိုး  မိုးစက်တွေရယ်  လေ နဲ့ ရောပြီး ပြေးနှင်းလို့ ရွာလေတိုင်း .......


No comments:

Post a Comment