Thursday 31 January 2013

အင်းလေးမှာရွာတဲ့မိုး


Watch "ကိုင်ဇာ - အင်းလေးမှာရွာတဲ့မိုး" on YouTube


ဘယ်အချိန်ချိန်သွားကြည့်ကြည့် အချိန်ပြည့် လူရှိ နေ သော ရေချိုးခန်းအိမ်သာ သည် ကျနော်တို့ နေထိုင်သော အိမ်မှ ရေချိုးခန်း အိမ်သာ ဖြစ်လေသည် ဘာတွေ ဝင် ရှူ နေကြသည် မသိ အချိန်ပြည့် လူရှိသည် ... ကျနော် သည် အိမ်သာ သို့ ရေချိုးခန်း အတွင်းသို့ အကြာကြီးဝင် လို့မရ သော ရောဂါရှိလေသည် အိမ်သာ အတွင်းသို့ ဝင် လိုက်သည်နှင့်တပြိုက်နက် အပြင် ဘက်တွင် လူ တ ယောက် ရောက်နေပြီဟု ခံစားရ လေသည် .. ကွန် လန်ကာဝီပချစ်သူ သွားလုပ်သော် ကိုယ်လည်းသွားချင် လာသည် သွားရန် ခဏခဏစဉ်းစားမိ သော်လည်း တ ခေါက်မှ မ ရောက်ဖြစ် သေး .. အဓိက အချိန် ပေးရ မည် နောက် ပိုက်ဆံ ကုန်မည် နောက်တခု ပြဿနာက ဘယ်သူနဲ့ အတူတူ သွားရမှန်မသိ .. တ ယောက်တည်း မသွားချင် ကြောင်တောင်တောင်နိုင် လှသည် ကွန့် လို တော့ တ ယောက်တည်း သောင်ပြင် မှာ တ ကောင် တည်း အ ဖော် မဲ့ နေတဲ့ ရွှေဟင်္သာ တော့ အဖြစ်မခံနိုင် ... ဆိုင် က ဟင်းချက်စရာ ထွက်ပြေးသော် ဇါတ်ခေါင်းကွဲကာ မပဋ္ဌာ မြေလူးသလို ဖြစ်ကုန်သည် နောက် တ ယောက် ရောက်လာလို့ အဆင်ပြေမယ် ကြံတုန်း နောက် တ ယောက်လည်း ဒီနေ့ပြေးလေသည် ... စိတ်ပျက်စရာကောင်းသောနေ့ရက်များကို မလိုချင်သော်လည်း ပိုင် ဆိုင် ရ ဦးမည် ..


1 comment:

  1. ကွန့်ခမျာ.ချစ်သူမပေါတော့လည်းဒီလိုဘဲပေါ့။

    ReplyDelete